ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ကန့်ဘလူမြို့၏ ဧပြီလ၊ စတုတ္ထပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ”

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏မျှော်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဧပြီလ၊ စတုတ္ထပတ်အတွင်းဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေးတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီးတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ငါးဂျောင်းတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးအုံတုံတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် ငါးမုတ်တစ်ပိဿာလျှင် (၇၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ထို့ပြင် ငါးကြင်းခုတ်သားတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ငါးမြင်းခုတ်သားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပုစွန်ဆိတ်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်နှင့် ပုစွန်ထုပ်တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်းမြှင့်တက်လျက်ရှိ

    မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် ဒေသအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာစိုက်ပျိုးဖြစ်ထွန်းပါသည်။

  ယခုအချိန်တွင် ဒေသတွင်းထွက်ကုန်မရှိသောကြောင့် ဒေသတွင်းခရမ်းချဉ်သီးများဝင်ရောက်မှုနည်းပါးပြီး ဈေးကွက်တွင် ရှမ်းပြည်နယ်၊ အင်းလေး၊ အောင်ပန်းတို့ဘက်မှ ခရမ်းချဉ်သီးများကို ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။ မုံရွာမြို့နယ်အတွင်း ဖြစ်ပေါ်နေသောခရမ်းချဉ်သီးဈေးနှုန်းများမှာ ဧပြီလ(တတိယပတ်)တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် (၁၅၀၀-၂၀၀၀) မှ ယခု ဧပြီလ(စတုတ္ထပတ်)တွင် ကျပ် (၂၂၀၀-၂၄၀၀) ထိဈေးနှုန်းမြှင့်တက်လျက်ရှိသဖြင့် ဈေးနှုန်းမြှင့်တက်လျက်ရှိကြောင်းနှင့် ဈေနှုန်းမြှင့်တက်ရခြင်းမှာ ဒေသတွင်း ထွက်ကုန်နည်းပါးခြင်း၊ ဈေးကွက်အတွင်းသို့ အခြားဒေသများမှ ခရမ်းချဉ်သီးများဝယ်ယူရောင်းချရာတွင် စက်သုံးဆီဈေးနှုန်းများမြင့်တက်လာပြီး သယ်ယူစရိတ်မြင့်မားခြင်းကြောင့် ခရမ်းချည်သီးဈေးနှုန်းများမြှင့်တက်လာရခြင်းဖြစ်ကြောင်း ခရမ်းချဉ်သီးပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

    ၂၀၂၃ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)အတွင်း မုံရွာမြို့နယ်၏အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် (၃၈၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည်လျှင် (၃၆၀၀)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၁၃၀၀) ကျပ်မှ (၁၄၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ(ဗမာ)တစ်ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၁၄၀၀) ကျပ်မှ (၁၅၀၀) ကျပ်ထိ၊ ငရုတ်ခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက်  (၁၃၀၀၀)  ကျပ်မှ (၁၄၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၄၀၀) ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၂၀၀) ကျပ်မှ (၂၃၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် (၂၅၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀) ကျပ်၊ ဘဲဥ(ကြီး)တစ်လုံးလျှင် (၃၅၀) ကျပ်၊ သေးတစ်လုံးလျှင် (၃၀၀) ကျပ်ရှိသည်။ မုံရွာမြို့၏ အသားငါးဈေးနှုန်းမှာ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၀၀၀၀) ကျပ်မှ  (၁၁၀၀၀) ကျပ်ထိ၊ ကြက်သား (ဗမာ)တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀) ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

     ဧပြီလ(စတုတ္ထပတ်)အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများကိုနှိုင်းယှဉ်လျှင် ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် (၂၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည်လျှင် (၂၀၀) ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၀၀) ကျပ်၊ အသားငါးဈေးနှုန်းများမှာ ငါးကြင်းတစ်ပိဿာလျှင် (၁၀၀၀) ကျပ်ဈေးနှုန်းမြင့်တက်ပြီး အခြားအခြေခံစားကုန်များ၏ဈေးနှုန်းများမှာ ကွာခြားမှုမရှိကြောင်း မုံရွာမြို့နေ၊ ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၄.၅.၂၀၂၃ )

      ၄.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ရွှေဘိုခရိုင်အတွင်း စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ ဧပြီလ(‌နောက်ဆုံးပတ်)တွင် စပါး/ဆန်ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဧပြီလ(တတိယပတ်)တွင်  ရန်ကုန်သို့ အိတ်ရေ ၃၄၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၃၈၀၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၅၀၀အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၅၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၅၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၉၅၅၀၀အိတ်၊ တန်အားဖြင့် ၄၇၇၅တန်စီးထွက်ခဲ့ပါသည်။ ယခုမေလ(ပထမပတ်)တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၄၉၄၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၁၂၀၀၀၀အိတ်၊ တန်အားဖြင့် ၆၀၀၀တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်ရာ ယခုအပတ်တွင် အိတ်ရေ ၂၄၅၀၀အိတ်၊ တန်အားဖြင့် ၁၂၂၅တန်ပို၍ စီးထွက်ခဲ့ပါသည်။

    ရွှေဘိုမြို့၏ ဧပြီလ(နောက်ဆုံးပတ်)တွင် ဖြစ်ပေါ်နေသောစပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၀၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၉၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဈေးကွက်သို့ အမြင့်ဈေးဖြင့် စတင်ဝင်ရောက်လာသောပဲတီစိမ်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းကာ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ဧပြီလ(တတိယပတ်)အတွင်း ပဲတီစိမ်းများစတင်ဝင်ရောက်လာကြောင်း ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ဧပြီလ(တတိယပတ်)မှစတင်၍ ဆောင်းပဲတီစိမ်းများ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာကြောင်း၊ တတိယအပတ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၆၅၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်မှုမှာ (၃၇၅)တင်း/(၁၂)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူတွင် အရောင်းအဝယ်ဖြစ်ခြင်းမရှိကြောင်း၊ ရွှေဘိုခရိုင်အနေဖြင့် (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် ဆောင်းပဲတီစိမ်း(၁၀၈၇၆)ဧကစိုက်ပျိုးခဲ့ပြီး ရွှေဘိုမြို့နယ်တွင် (၂၇)ဧက၊ ဝက်လက်မြို့နယ်တွင် (၄၅၁၆)ဧကနှင့် ခင်ဦးမြို့နယ်တွင် (၆၃၃၃)ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၁၇)တင်းကျော်ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သတင်းရရှိပါသည်။  

DOCA(ရှမ်း)

 

နမ့်ဆန်မြို့နယ်၏လက်ဖက်ဈေးကွက်

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်တွင် လက်ဖက်များကို အဓိကထားစိုက်ပျိုးကြကြောင်းသိရှိရပါသည်။ မိုးလွတ်ရွှေဖီဦးနှင့် မိုးမလွတ်သည့်ခက်ကန့် (သို့မဟုတ်) ခါးကန့်ဟူ၍ နှစ်မျိုးရှိကြောင်း သိရှိရပါသည်။ မိုးလွတ်ရွှေဖီလက်ဖက်ကို မတ်လအကုန် ဧပြီလပိုင်းတွင် ခူးဆွတ်ပြီး ခက်ကန့် (သို့မဟုတ်) ခါးကန့်ကို မတ်လမှ စက်တင်ဘာလအထိခူးဆွတ်ရကြောင်းနှင့် ခက်ကန့် (သို့မဟုတ်) ခါးကန့်အရွက်များကို မိုးကြောင့် လက်ဖက်စိုပြုလုပ်ကြကြောင်း သိရှိရပါသည်။

    ရွှေဖီလက်ဖက်မှာ ခက်ကန့် (သို့မဟုတ်) ခါးကန့်လက်ဖက်ဈေးထက်ပိုမိုရရှိကြောင်း၊ တစ်နှစ်ပတ်လျှင် ပျမ်းမျှပိဿာချိန် (၈၀၀၀) ခန့်ထွက်ရှိကြောင်း အရွက်စိမ်းရွှေဖီတစ်ပိဿာလျှင် ယခင်နှစ်က (၁၆၀၀) ကျပ်ဈေးရှိပြီး ယခုနှစ်တွင် (၂၅၀၀) ကျပ်ရရှိကြောင်း၊ ခက်ကန့် (သို့မဟုတ်) ခါးကန့်လက်ဖက်တစ်ပိဿာလျှင် ယခင်နှစ်က (၇၀၀) ကျပ်ရှိပြီး၊ ယခုနှစ်တွင် (၂၀၀၀) ကျပ်ရှိကြောင်း သိရှိရပါသည်။

     ထွက်ရှိလာသည့် လက်ဖက်အညွှန့်လေးများဖြင့် လက်ဖက်စို၊ Black Tea နှင့် Green Tea များကို ပေါင်းလှမ်းခြောက်၊ လက်လှော်ခြောက်နှင့် စက်လှော်ခြောက်ဟူသော နည်းစနစ်များဖြင့်ပြုလုပ်ကြကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် နမ့်ဆန်မြို့နယ်မှထွက်ရှိလာသည့် လက်ဖက်စိုနှင့် လက်ဖက်ခြောက်များကို တံဆိပ်အမျိုးစုံ၊ အမယ်အမျိုးစုံဖြင့် မြန်မာနိုင်ငံအနှံ့အပြားသို့ တင်ပို့ဖြန့်ဖြူး ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာတို့၏ဈေးနှုန်းအခြေအနေ

    ၂၀၂၃ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၃၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၃၀၀) ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၁၀၀) ကျပ်တို့ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၂၆၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၃၄၀၀) ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၃၄၀၀) ကျပ်တို့ဖြစ်ပါသည်။

     ကျိုင်းတုံမြို့ရှိ ဧပြီလ(စတုတ္ထပတ်) ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၉၇၀၀၀) ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၁၉၀၀၀) ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၁၉၀၀၀) ကျပ်၊ ချာန (သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀) ကျပ်တို့ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (၄၆%) (50)kg တစ်အိတ်လျှင် (၁၃၇၅၀၀) ကျပ်၊ ကွန်ပေါင်း (၁၅ပတ်လည်) (50)kg တစ်အိတ်လျှင် (၁၂၃၀၀၀) ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၂၃၀၀၀) ကျပ်တို့ဖြစ်ပါသည်။

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ယခင် မတ်လ(စတုတ္ထပတ်)ထက် ဈေးနှုန်းအနည်းငယ်မြှင့်တက်လျက်ရှိပြီး တာချီလိတ်မြို့ရှိ ဘိလပ်မြေ‌ဈေးနှုန်းများမှာ ယခင် မတ်လ(စတုတ္ထပတ်)ထက် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းအနေဖြင့် ကျိုင်းတုံမြို့တွင် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး တာချီလိတ်မြို့တွင် ယခင် မတ်လ (စတုတ္ထပတ်)ထက် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပါသည်။

DOCA(ရှမ်း)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း