ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အဝင်များပြီးဈေးမြင့်နေတဲ့ ပြည်ကြက်သွန်နီဈေးကွက်

     ပြည်ဈေးကွက်အတွင်း ယခုလို မတ်လ၊ ဧပြီလများတွင် ပုံမှန်ကြက်သွန်နီ ဈေးနှုန်းများ ကျဆင်းလေ့ရှိသော်လည်း ယခုနှစ်ကာလတွင် အမြင့်ဈေးဖြင့် တည်ရှိနေတာ တွေ့ရပါသည်။ ကြက်သွန်နီ အဓိကစိုက်ပျိုးရာ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် လှိုင်လှိုင်ထွက်ပေါ်နေချိန် ဖြစ်သည့်အတွက် ပြည်ဈေးကွက်သို့အဝင်များလျက်ရှိနေပါသည်။ ဆိပ်ဖြူ၊ ပခုက္ကူ၊ အောင်လံ၊ တောင်တွင်း အစရှိတဲ့နယ်များမှ ကြက်သွန်နီများတစ်ပတ်လျှင် ရက်ခြား (၄)ရက်ခန့် အဝင်ရှိပြီး တစ်ပတ်ကို ပျမ်းမျှ ၂၅ပိဿာဝင် အိတ် ၃၀၀၀ခန့် ဝင်ရောက်မှုရှိနေပါသည်။ ဝင်ရောက်မှုရှိသည့် ကြက်သွန်နီများမှာ ပြည်ဈေးကွက်မှတစ်ဆင့် ပန်းတောင်း(ဥသျှစ်ပင်)၊ ဧရာဝတီ၊ ကြံခင်း၊ မြန်အောင်နှင့် ရခိုင်ပြည်နယ် (တောင်ကုတ်)တို့သို့ တိုင်းကျော်/နယ်ကျော် စီးဆင်းမှုရှိပြီး ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများနှင့် အရောင်းအဝယ်ဖြစ်လျက်ရှိနေပါသည်။ တစ်ပတ်အတွင်း ဝင်ရောက် မှုရဲ့ သုံးပုံနှစ်ပုံရောင်းဝယ်မှုဖြစ်လျက်ရှိကာ အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ကြက်သွန်နီသီးနှံဈေးနှုန်းမှာလည်း မြင့်တက်ရခြင်းဖြစ်ကြောင်း သိရပြီး ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် (ကြီး/လတ်/သေး) ကျပ် (၁၀၀၀/၁၁၅၀/၁၂၅၀)တို့ဖြစ်၍ လက်လီဈေးအသေးများတွင် ကျပ် (၁၃၀၀/၁၄၀၀-၁၅၀၀/၁၆၀၀) တို့ဖြင့် အသီးသီးရောင်းဝယ်မှု ရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တနင်္သာရီတိုင်းဒေသကြီး ဒူးရင်းသီးစျေးကွက်

        မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးတွင် ဒူးရင်းသီးကို  စိုက်ပျိုးလျက်ရှိပြီး  ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီတိုင်းတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ဒူးရင်းသီးကို ဇွန်လအစော ပိုင်းတွင် စိုက်ပျိုးလျက်ရှိပြီး ရေရလျှင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည့် နှစ်ရှည်ခံသီးပင် ဖြစ်ပါသည်။  နိုဝင်ဘာလတွင် ပန်းစပွင့်ပြီး ဧပြီလတွင်အသီးများကို ဆွတ်ခူးနိုင်ပါသည်။ အသီးများ ကောင်းမွန်စွာမှည့်မှသာ ဆွတ်ခူးရောင်းချရပြီး အပင်မှည့်ကြွေကျသီးက အရသာပိုမိုကောင်းမွန်ကြောင်း သိရှိရပါသည်။ ဒူးရင်းသီးတွင် မြန်မာမျိုးနှင့် ထိုင်းမျိုးဟူ၍ (၂)မျိုးရှိပြီး မြန်မာမျိုးက ချို၊ ဆိမ့်၊ ခါး အရသာ (၃)မျိုးလုံးနှင့် ပြည့်စုံသောကြောင့် မြန်မာမျိုးကိုသာ အများဆုံး ဝယ်ယူစားသောက်ကြပါသည်။  ဒူးရင်းတောင်သူများအနေဖြင့် ဒူးရင်းစျေးနှုန်းမှာ တွက်ခြေကိုက်သောကြောင့် ယခင်နှစ်ထက် ယခုနှစ် ပို၍စိုက်ပျိုးလာကြပြီး ယခုနှစ်က စျေးကောင်းပိုရလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။ ယခုကာလသည် ဒူးရင်းသီးများ လှိုင်လှိုင်ပေါများနေပြီဖြစ်၍ ထားဝယ်တွင် ဖြစ်ပေါ်နေသောစျေးမှာ အလုံးကြီးတစ်လုံးလျှင် (၄၀ဝဝိ/-)ကျပ်နှုန်းနှင့် အလုံးငယ်တစ်လုံးလျှင် (၂၂၀၀-၂၀၀၀) ကျပ်နှုန်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၆၈၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

       ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ မှ မေလ ၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၆၈၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

     ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

       အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၃.၄.၂၀၂၃ )

   ၂၃.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၂.၄.၂၀၂၃ )

   ၂၂.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

   နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၁.၄.၂၀၂၃ )

      ၂၁.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

       ၂၀၂၃ခုနှစ် ဧပြီလ တတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်(သစ်) တစ်ပြည် ၃၅၀၀ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည် ၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၁၅၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၁၃၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၀၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၅၀၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ ၊ (ကြူကုတ်) တစ်ပိဿာ ၄၀၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၆၀၀၀ကျပ်မှ ၁၆၅၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၁၈၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၈၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

      ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၃၀၀ကျပ်၊ (သေး) တစ်လုံး ၂၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၀၀)ကျပ်၊ (သေး)တစ်လုံး (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၈၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၁၈၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၇၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၆၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

     စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၂၅၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ၆၈၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း