ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများအခြေအနေ

     မုံရွာမြို့၊ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။

   ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ စတုတ္ထအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၆၀၀၀မှ ၈၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၉၅၀၀)ကြား၊  ပန်းသစ်တော် (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တည်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၂၀၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ မင်းဂွတ်သီး(၁)လုံးလျှင် ကျပ်(၁၅၀မှ ၃၀၀)ကြား၊ ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ငှက်ပျောသီးမွှေးတစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၀၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၂၀၀၀)ကြားဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မုံရွာမြို့၊ သီရိရတနာဈေးအတွင်းရောင်းချနေသော ဈေးသည်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

                                     

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင်ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

      မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌ရောင်းချနေသော ပုစွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေးနှင့် ရခိုင်ပြည်နယ်ဘက်တို့မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုစွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့်ဒေသအ‌ပေါ်မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ စတုတ္ထအပတ်တွင်ရောင်းချနေသောဈေးနှုန်းများမှာ ပုစွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀) မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၈၀၀၀)၊ အာဗြဲခြောက်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀)ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

 

ယခင်အပတ်ထက် ဈေးအနည်းငယ်ပိုလာသည့် ရွှေဘိုမြေပဲလုံးဆံဈေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ စတုတ္ထအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ မြေပဲလုံးဆံ(နီ၊ ဖြူ)များမှာ စက်တင်ဘာလ၊ တတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ဝင်ရောက်ခဲ့ကြောင်း၊ အောက်တိုဘာလ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၉၁၂၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၃၆၀၀)တင်း/(၈၂)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၈၈၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၃၂၀ဝိ/-) ကျပ်ဈေးပိုခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူတွင် မြေပဲလုံးဆံ(ဖြူ) တစ်မျိုးတည်းသာအရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျှင် (၈၃၂၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၈၀၀ဝိ/-) ကျပ်ဈေးပိုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အောက်တိုဘာလ စတုတ္ထအပတ်၌ မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းတို့ကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

   မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ တတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၀၇၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၁၇၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၃၂၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၄၃၅) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်းသိရသည်။

   ယခုအောက်တိုဘာလ စတုတ္ထအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၁၂၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၂၁၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၃၇၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၄၈၅) ကျပ်ဖြင့်ရောင်းချနေသောကြောင့် ယခင်အောက်တိုဘာလ တတိယအပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၅၀)ကျပ်၊  ဓာတ်ဆီ(95) တစ်လီတာလျှင် (၄၅)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၅၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၅၀) ကျပ်ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

နတ်တလင်းမြို့နယ်တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း အခြေအနေ

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်သုံးဆီဆိုင်(၈)ဆိုင်ရှိရာ     ပုံမုန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ် ၊ အောက်တိုဘာလ (စတုတ္တပတ်)တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင်(၂၀၈၈)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာ လျှင်(၂၁၈၃)ကျပ် ဒီဇယ်ရိုးရိုး တစ်လီတာလျှင် (၂၃၃၃)ကျပ် ၊  ဒီဇယ်(ပရီမီယမ်)တစ်လီတာ လျှင် (၂၄၄၈)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်းသိရပါသည်။

    ၂၀၂၃ခုနှစ် အောက်တိုဘာလ (ပထမ)ပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92)တစ်လီတာလျှင်(၁၉၆၈)ကျပ်၊ဓာတ်ဆီ(95)တစ်လီတာလျှင်(၂၀၆၈)ကျပ် ၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင်(၂၃၀၈)ကျပ် ၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၃၅၃)ကျပ် ဖြင့်ရောင်းချလျက် ရှိကြောင်း သိရပါသည်။ 

    ယခု အောက်တိုဘာလ (စတုတ္တ) အပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ (92)တစ်လီတာလျှင် (၁၂၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင်(၁၁၅)ကျပ်၊  ဒီဇယ်ရိုးရိုးတစ်လီတာလျှင် (၂၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၉၅)ကျပ် ဈေးမြင့်တက်သွားကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရာသီပေါ် ကလားဝါးဥ

   ဒေသအခေါ် ကလားဝါးဥ (ခေါ်)ဝါးဥကို နေရာအနှံ့အပြားတွင် စိုက်ပျိုးနိုင်သော်လည်း ဖြစ်ထွန်းမှု အားကောင်းပြီး ဥချောချောရရန် တူးရလွယ်ကူသော သဲနုန်းမြေဆွေးမြေမွများတွင်သာ စီးပွားဖြစ် စိုက်ပျိုးကြပါသည်။ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် ဧကလိုက်စိုက်ပျိုးခြင်းမရှိဘဲ တပိုင်တနိုင်သာစိုက်ပျိုးကြပါသည်။ ဝါးဥပင်သည် ချဉ်ဖတ်ပြုလုပ်ရာတွင်ပါဝင်သော သရက်   ကင်းပင်နှင့်ပုံသဏ္ဍာန်တူပါသည်။ ရေဓာတ်ကိုကြာရှည်စွာ ထိန်သိမ်းထားနိုင်သောကြောင့် အသက်ပြင်းသောအပင်အမျိုးအစားဖြစ်ပါသည်။

    ဝါးဥပင်ကို စိုက်ပျိုးရာတွင်လည်း တကူးတက စိုက်ပျိုးစရာမလိုဘဲ ဝါးဥကိုတူးဖော်စဉ်ကပင် အပင်တက်ထွက်ရာ ဝါးဥ၏အမြီးပိုင်းကို လက်တဆစ်ခန့်ချိုး၍ တူးယူသောကျင်း၌ပင် ပြန်လည်မြေဖို့၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီးနောင်နှစ် မိုးဦးကျမှသာ အပင်တက်များပြန်လည်ထွက်ပေါ်လာခြင်းဖြစ်ပါသည် ။ အပင်အမြင့်မှာ (၃-၄)ပေခန့်အမြင့်ရှိပြီး မိုးအကုန်တူးဖော်ရာတွင် တစ်ပင်ကိုဥပွားများ  (၃-၄) ဥ ပြန်လည်ထွက်ရှိပါသည်။ယခုလိုအချိန် အောက်တိုဘာလ ဝါးဥရာသီပေါ်ချိန်တွင်ဒေသပေါက်ဈေး မှာ တစ်ပိဿာ (၃၀၀၀)ကျပ်ပေါက်ဈေးရှိပါသည်။

   ဝါးဥသည်အထိအခိုက် အထားခံ၍ သယ်ဆောင်ရလွယ်ကူသောကြောင့် ဒေသမရွေး ဝယ်ယူရရှိနိုင်ပါသည်။ စိမ့်သောအရသာရှိ၍ စားလို့ကောင်းသော ဝါးဥကိုပြုတ် ပါးပါးလှီး နှမ်းကြက်သွန် ကြော်အနည်းငယ်ထည့်၍ ဆီဆမ်းဆားဖြူးကာ သရေစာအဖြစ်စားသုံးနိုင်သလို  အစိမ်းကိုပါးပါးလှီးထောင်းပြီး ကြော်ပါက  ဟင်းတစ်မယ်အဖြစ် ထမင်းနှင့် တွဲဖက်စားသုံးနိုင်သော အကုန်အကျလည်း သက်သာ၊ ဓာတုဆေးဝါးလည်းကင်းလွတ်သော အော်ဂဲနစ်သီးနှံလည်းဖြစ်၍ ရာသီပေါ် ကလားဝါးဥ (ခေါ်) ဝါးဥကိုစာသုံးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)

 

နတ်တလင်းမြို့နယ် ဒေသထွက်ပိန်းဥများ လှိုင်လှိုင်ထွက်ရှိ

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်းရှိ သဲကုန်းကျေးရွာ၊ မြို့ခြံကျေးရွာ၊ သရက်တစ်ပင် ကျေးရွာများတွင် အောက်တိုဘာလမှစ၍ ပိန်းဥများလှိုင်လှိုင်ထွက်ရှိနေပြီဖြစ်ပြီး ပိန်းဥ (အလုံးကြီး) တစ်ပိဿာ လက်လီ (၂၅၀၀)ကျပ်၊ လက်ကား(၂၀၀၀)ကျပ်၊ ပိန်းဥသားတက် တစ်ပိဿာ လက်လီ (၃၀၀၀)ကျပ်၊ လက်ကား (၂၅၀၀)ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

     ပိန်းဥကို ဇူလိုင်လဒုတိယပတ်တွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလ ပထမပတ်တွင်  စတင်တူးဖော်ကြပါသည်။ ပိန်းဥများစိုက်ပျိုးရန်အတွက် မျိုးကိုယခင်နှစ်က တူးဖော်ထားရှိသော သားတက်များအား မျိုးအဖြစ်ပြန်လည်အသုံးပြုပါကြောင်း၊ ပိန်းဥတစ်ကျိုးစိုက်ပျိုးရာတွင် (မျိုး၊ မြေပြုပြင်ခ၊ စိုက်ခ ၊ ပေါင်းမြက်ရှင်းခ၊ ဓာတ်မြေဩဇာဘိုး၊ တူးဖော်ခ၊ နွှာခ) စုစုပေါင်းကုန်ကျစရိတ် (၃၄၀၀၀၀) ကျပ်ခန့်ကုန်ကျပါကြောင်း၊ တစ်ကျိုးလျှင် ပိန်းဥ အကြီးပိဿာ (၃၀၀)ခန့်နှင့် သားတက် ပိဿာ (၃၀)ခန့်  ထွက်ရှိပါကြောင်း ၊ ထွက်ရှိလာသောပိန်းဥများကို ဒေသတွင်း မြို့နယ်များတွင် ရောင်းချရန်နှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချရန် ကုန်သည်များမှ အိမ်အရောက်ဝယ်ယူမှုများ ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဆိပ်ဖြူမြို့နယ် ဒေသထွက် မြေပဲဆီ၊ မြေပဲဆန် ဈေးနှုန်းများ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ(မိုးမြေပဲ)များကို နှစ်စဉ် စိုက်ဧက(၃၀၀၀)ခန့်၊ ဇွန်လနှင့် ဇူလိုင်လတွင် စိုက်ပျိုးပြီး စက်တင်ဘာလနှင့်အောက်တိုဘာလ များတွင် မြေပဲများ လှိုင်လှိုင်တူးဖော်လျက်ရှိသော်လည်း မြေပဲဈေးကွက်ကျဆင်း၍ အရောင်းအဝယ် အေးနေကြောင်း သိရှိရပါသည်။ ဆိပ်ဖြူမြို့နယ် ဒေသတွင်းထွက်ရှိသည့် မြေပဲများကို မြို့ပေါ်ရှိ ဆီစက်များမှ  အတောင့်(အခြောက်) တစ်ပြည်လျှင် ကျပ်(၃၀၀၀)၊ တစ်တင်းလျှင် ကျပ်(၂၄၀၀၀) ဖြင့် ဈေးနှုန်းပေါက်လျက်ရှိသည်။  မြေပဲဆန်(လုံးဆန်)တစ်ပြည်လျှင် ကျပ် (၇၀၀၀)၊ အဆန်တစ်ဘူးလျှင် ကျပ်(၉၀၀)၊ မြေပဲ(ဆီဆန်)တစ်ပြည်လျှင် ကျပ်(၅၅၀၀/ ၅၆၀၀)ဈေးနှုန်း ပေါက်လျက်ရှိပြီး ပဲဆီ(စက်) တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ပဲအကျဆီ တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသည်။

     မြေပဲဆီများကို ဒေသတွင်းစားသုံးရန်သာမက ရန်ကုန်၊ နေပြည်တော်မြို့များသို့ တင်ပို့လျက်ရှိပြီး ပဲဖတ်များကိုလည်း ဆင်ဖြူကျွန်းမြို့သို့ တစ်ပိဿာလျှင် ကျပ်(၂၃၀၀)ဈေးနှုန်းဖြင့် အများဆုံး တင်ပို့ကြောင်း မြို့ပေါ်ရှိဆီစက်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

 

ဆိပ်ဖြူကြက်သွန်နီ အောက်တိုဘာလ (တတိယ)ပတ် ဈေးနှုန်းဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်မှ (၂၂)ရက်ထိ(တတိယ)ပတ်အတွင်း နေ့စဉ်ကုန်ချိန် ပိဿာ(၃)သောင်း ခန့်၊ (၁)ပတ်အတွင်း စုစုပေါင်း ပိဿာ(၂)သိန်းခန့် ကုန်စည်ဒိုင်တွင်ဝင်ရောက် အရောင်းအဝယ်ဖြစ်ပြီး ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုမှာ (၁)ပတ်အတွင်း ပိဿာ(၃)သိန်းခန့် စီးဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

    ယခု အောက်တိုဘာလ(တတိယ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်) ကျပ်(၂၄၅၀ မှ ၂၆၅၀)၊ အလတ်စ ကျပ်(၂၃၀၀ မှ ၂၅၀၀)၊ အနိမ့်ဈေး ကျပ်( ၁၆၀၀ မှ ၂၁၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်တစ်ပတ်တွင် ကြက်သွန်နီ ထိပ်စ အမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၂၇၅၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု(၁)ပတ် တွင် ကြက်သွန်နီထိပ်စ အမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၂၆၅၀)ဈေးဖြစ်၍ ကျပ်(၁၀၀) ဈေးနှုန်း ကျဆင်းပြီး၊ အလတ်စ ကျပ်(၅၀)နှင့် အသေးစ ကျပ်(၃၀၀)ဖြင့် ဈေးနှုန်းကျ၍ အရောင်းအဝယ်ဖြစ်ခဲ့ပါ သည်။

  ယခုအောက်တိုဘာလ(တတိယ)ပတ်တွင် ပြည်ပနိုင်ငံများသို့ တင်ပို့မှုနည်းပြီး ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်သို့ ကုန်ချိန်အများဆုံးတင်ပို့လျက်ရှိကြောင်း သိရှိရပြီး ကြက်သွန်နီ စုစုပေါင်းပျမ်းမျှ ပိဿာ (၃)သိန်းခန့်၊ (၁၁၅၃၈)အိတ်၊ တန်ချိန်(၄၉၀)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

         

ရေစကြိုမြို့မဈေး၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့မဈေးကြီးတွင် သီးနှံမျိုးစုံ စိုက်ပျိုးထွက်ရှိသော ပခုက္ကူ၊ မုံရွာ၊ မန္တလေးမြို့နှင့် ရေစကြိုမြို့ရှိ ကျေးရွာများဖြစ်သော ညောင်တော၊ ကူတုတ်ရွာမှ သီးနှံအများဆုံး   ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်၊အောက်ဘာလ(တတိယအပတ်)တွင် ရေစကြိုမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ပဲရောဆီ တစ်ပိဿာလျှင်ကျပ်(၉၃၀၀)၊ ဆုံဆီ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ခရမ်းချဉ်သီး(အင်းသီး) တစ်ပိဿာလျှင် ကျပ်(၁၈၀၀ မှ၂၀၀၀)၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ်(၂၂၀၀ မှ၂၄၀၀)၊ အာလူး တစ်ပိဿာလျှင် ကျပ် (၂၂၀၀ မှ ၂၄၀၀)၊ မျှစ်(တောင်ရိုး) တစ်ပိဿာလျှင် ကျပ် (၂၃၀၀ မှ၂၅၀၀)၊  ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ကျပ် (၂၀၀၀ မှ ၂၂၀၀)၊ ဆင်ခြေယာငရုတ်သီးခြောက်တစ်ပြည်လျှင် ကျပ်(၂၅၀၀ မှ ၂၆၀၀)၊ ကြက်သွန်နီ တစ်ပိဿာလျှင်ကျပ် (၂၅၀၀ မှ ၂၇၀၀)၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် (၉၀၀၀ မှ ၉၅၀၀)၊ ဂျင်းတက် တစ်ပိဿာလျှင် ကျပ် (၄၀၀၀ မှ၄၂၀၀ )၊ ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် ကျပ် (၁၈၀၀ မှ ၂၀၀၀)၊ ရုံးပတီသီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၂၂၀၀)၊ မေမြို့ပဲသီး(အပြား) တစ်ပိဿာလျှင် ကျပ် (၄၅၀၀မှ ၄၇၀၀)၊ ပဲတောင့်ရှည် တစ်ပိဿာလျှင် ကျပ်(၂၅၀၀မှ ၂၇၀၀)၊ ဂေါ်ရခါးသီး တစ်လုံးလျှင် ကျပ် (၁၇၀မှ ၂၀၀)၊ မုန်လာထုပ် တစ်ထုပ်လျှင် ကျပ် (၁၂၀၀မှ ၁၃၀၀)၊ ခါကြက်ဥ(ထိုင်ဝမ်) တစ်ပိဿာလျှင် ကျပ်(၂၅၀၀မှ ၂၇၀၀)၊ ကန်စွန်းရွက် တစ်စည်းလျှင် ကျပ် (၄၀)၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ကျပ်(၄၀)၊ ဘူးရွက် တစ်စည်းလျှင် ကျပ် (၈၀)၊ နံနံပင် တစ်စည်းလျှင် ကျပ်(၈၀)၊ သံပုရာသီး တစ်လုံးလျှင် ကျပ်(၂၀၀)၊ ပိန်းဥ တစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ မန်ကျည်းသီးမှည့် အစေ့လွတ် တစ်ပိဿာလျှင် ကျပ်(၃၀၀၀ မှ ၃၂၀၀)၊ မြေပဲဆန် တစ်ပြည်လျှင်ကျပ် (၇၀၀၀)၊ ကုလားပဲခြမ်း(အနီဆန်) တစ်ပြည်လျှင် ကျပ် (၈၁၀၀)၊ ကုလားပဲခြမ်း(အဖြူဆန်) တစ်ပြည်လျှင် ကျပ်(၇၇၀၀)၊ ဆား တစ်ပိဿာလျှင်ကျပ် (၆၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရေစကြိုမြို့မဈေးအတွင်းရှိ ရောင်းချသူဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း