ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဓာတ်မြေဩဇာနှင့် ဘိလပ်မြေဈေးနှုန်းအခြေအနေ
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထအပတ်တွင် ကျိုင်းတုံမြို့ဈေးကွက်ရှိ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၈၀၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၃၀၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၃၀၀၀၀) ကျပ်ဖြစ်ပါသည်။ တာချီလိတ်မြို့ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၁၀၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၂၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၂၀၀၀)ကျပ် ဖြစ်သည့်အတွက် ယခင် နိုဝင်ဘာလ တတိယအပတ်နှင့် နှိုင်းယှဉ်ပါက ဘိလပ်မြေဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပါသည်။
ကျိုင်းတုံမြို့ရှိ နိုဝင်ဘာလ စတုတ္ထအပတ်တွင် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ(MEP) (50)kg တစ်အိတ်လျှင်(၁၅၆၀၀၀)ကျပ်၊ တီဆူပါ(လေဆာ) (50)kg တစ်အိတ်လျှင်(၄၄၀၀၀)ကျပ်၊ ယူရီယား(မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၄၂၅၀၀)ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၇၁၀၀၀)ကျပ် ဖြစ်သည့်အတွက် ယခင်နိုဝင်ဘာလ တတိယအပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်မြေဩဇာ ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပါသည်။
DOCA(ရှမ်း)