ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ အစေ့ထုတ်ပြောင်းဈေးနှုန်း မြင့်တက်လာ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကိုလုပ်ကိုင်လျက်ရှိရာ ကန့်ဘလူမြို့နယ်၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့်  အစေ့ထုတ် ပြောင်းကို ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင်လည်း စိုက်ပျိုး ကြောင်း၊ အစေ့ထုတ်ပြောင်းစိုက်ပျိုးရာတွင် C.P.808နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြ ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် (၂၅၈၀၀) ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၅၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် (၁၆၀၀)ကျပ် ဈေးနှုန်းဆက်လက်မြင့်တက်လာကြောင်း၊ ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ဆီထွက်သီးနှံဈေးကွက်ရှိ နှမ်းနက်၊နှမ်းဖြူနှင့် နေကြာသီးနှံဈေးနှုန်းများ

    ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆောင်းနှမ်းကိုအဓိက စိုက်ပျိုး ကြောင်း၊ နှမ်းသီးနှံ၊ နေကြာသီးနှံကို ဒေသတွင်း၌ဆီကြိတ်သော်လည်း ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများသို့ အဓိကတင်ပို့ကြောင်း သိရသည်။

နှမ်းနက်၊နှမ်းဖြူ ဈေးနှုန်း

       ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၂၀၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၀၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ တတိယပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း နှမ်းနက်()တင်းလျှင် (၁၀၀၀၀)ကျပ် ဈေးနှုန်းကျဆင်းနေကြောင်း၊ သီးနှံဈေးနှုန်းမှာ နေ့စဉ်ပြောင်းလဲမှုရှိကြောင်း  ဒေသတွင်းသီးနှံရောင်း ဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။

နေကြာသီးနှံဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကိုလည်း စိုက်ပျိုးကြောင်း၊ မိုးစိုက်နေကြာနှင့် ဆောင်းစိုက်နေကြာဟူ၍()မျိုးရှိ ကြောင်း၊ ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးလျက်ရှိသည့် နေကြာမျိုးအနေဖြင့် ဆင်းရွှေကြာ-၂မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ သွင်းအားစုနှင့် မြေအနေအထားအပေါ်မူတည်၍ နေကြာအထွက်နှုန်း ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း နေကြာ() တင်းလျှင်(၅၄၀၀၀)ကျပ်၊ နေကြာညံ့လျှင် (၅၃၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ကန့်ဘလူမြို့နယ်၌ နေကြာသီးနှံကို ဆီကြိတ်၍ ကုန်ချောထုတ်လုပ်မှုရှိပြီး ပိုလျှံသော သီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပဲဈေးကွက်၌ စွန်တာနီ(ပဲနီ)နှင့် ထောပတ်ပဲ ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ စွန်တာနီ(ပဲနီ)သီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာ နှင့်အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိပြီး ဆောင်းသီးနှံ စွန်တာနီ(ပဲနီ)(၁၃၉၃)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ပြီး၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိပါကြောင်း ထောပတ်ပဲသီးနှံကိုလည် စိုက်ပျိုးထားရှိပြီ ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့ပေါ်ရှိ ပွဲရုံများသို့ လာရောက်ရောင်းကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ် ဩဂုတ်လ စတုတ္ထပတ်အတွင်း စွန်တာနီ(ပဲနီ)တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်၊ အကွဲအနာပါ()တင်းလျှင် (၁၀၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ တတိယပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စွန်တာနီ(ပဲနီ)()တင်းလျှင် (၂၀၀၀) ကျပ် ဈေးနှုန်းဆက်လက်ကျဆင်းသွားကြောင်း၊ ထောပတ်ပဲတစ်တင်းလျှင် (၁၂၆၅၀၀)ကျပ်၊ အကွဲအနာပါ()တင်းလျှင် (၁၂၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ တတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ထောပတ်ပဲသီးနှံ()တင်းလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းဆက်လက်မြင့်တက်လာကြောင်း၊ ထောပတ်ပဲသီးနှံကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။ ပွဲရုံလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပဲဈေးကွက်၌ ကုလားပဲဈေးနှုန်း အနည်းငယ်မြင့်တက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲ သီးနှံကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကုလားပဲကို ဆောင်းရာသီ၌ အများဆုံးစိုက်ပျိုးကြောင်း သီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲထိုင်ဝမ်(၁)တင်း လျှင် (၇၃၀၀၀)ကျပ်၊ (929)(၁)တင်းလျှင်(၇၅၅၀၀)ကျပ်၊ (V2)(၁)တင်းလျှင် (၇၇၀၀၀)ကျပ်နှင့် ကုလားပဲ(V7)(၁)တင်းလျှင် (၇၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်းလျှင် (၁၀၀၀)ကျပ်၊ (929)(၁)တင်းလျှင် (၅၀၀)ကျပ် ပြန်လည်မြင့်တက်လာကြောင်း၊ ကန့်ဘလူမြို့နယ်မှ ထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်း သီးနှံပွဲရုံများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသည့် ကြက်သွန်ဖြူဈေးနှုန်းအနည်းငယ်မြင့်တက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များနှင့် အခြားကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကိုလည်း မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကြက်သွန်ဖြူရှမ်းဥအလုံး ကြီး(၁)ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ဗမာဖြူ(၁)ပိဿာလျှင်(၆၀၀၀မှ ၈၀၀၀)ကျပ်နှင့် ဗမာဖြူ(၁၀) ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း ကြက်သွန်ဖြူ(၁)ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊  စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အိမ်ရှင်မများသည် အစားအသောက်ချက်ပြုတ်ရာတွင် အနံ့အရသာအတွက် ကြက်သွန်ဖြူကို အသုံးပြုသည့်အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့သီးနှံဈေးကွက်၌ ကြက်ဆူစေ့ဈေးနှုန်း မြင့်တက်လာ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် ကြက်ဆူသီးနှံကိုစိုက်ပျိုးကြောင်း၊ ကြက်ဆူသီးနှံသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးပြီး ကန့်ဘလူမြို့ ပေါ်ရှိ သီးနှံရောင်းဝယ်ရေးလုပ်ငန်းများရှင်များထံ ရောင်းချကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း  ကြက်ဆူစေ့တစ်တင်းလျှင် (၄၆၅၀၀)ကျပ်၊ ကြက်ဆူစေ့ညံ့လျှင်(၄၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ တတိယ ပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း ကြက်ဆူစေ့(၁)တင်းလျှင် (၄၅၀၀)ကျပ် ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း၊ ကြက်ဆူစေ့များကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များ သို့တင်ပို့ရောင်းချကြောင်း၊ ဒေသတွင်းသီးနှံ ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ဩဇာသီးနှင့် မာလကာသီးဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ရာသီစာ အသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ဩဇာသီးနှင့် မာလကာသီးများ  လှိုင်လှိုင်ရောင်းချလျက်ရှိပါသည်။ ဩဇာသီးပင်နှင့် မာလကာသီးပင်သည် အသီးတင်သာမက အရွက်ရော အခေါက်ပါဆေးဖက်ဝင်သော အပင်ဖြစ်သည်။ဩဇာသီးပင်နှင့် မာလကာသီးပင်များ ကိုကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာတို့မှ မိမိတို့၏နေအိမ်ခြံ ဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ရောင်းချလျက်ရှိပါသည်။          ၂၀၂၅ခုနှစ် ၊ဩဂုတ်လ စတုတ္ထပတ်တွင်ရောင်းချသော ဩဇာသီး ဈေးနှုန်းများမှာ ဩဇာသီးအကြီး ()လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး()လုံးလျှင် (၃၀၀)ကျပ်၊ ()လုံးလျှင် (၁၀၀၀)ကျပ်ဖြင့်လည်း ကောင်း၊ မာလကာသီးအကြီး()လုံးလျှင်(၈၀၀)ကျပ်၊ ()လုံးလျှင်(၁၅၀၀)ကျပ်၊ အသေး()လုံး လျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ ဒေသထွက် ငါးရံ့ခြောက်နှင့် ဆည်ပုဇွန်ခြောက်ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက် ကုန်ပစ္စည်းဖြစ်သော ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ  ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို  ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းရှိဆည်များမှ ဝင်ရောက်လျက်ရှိပြီး ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို ဒေသထွက်ကုန်တစ်ခုအနေဖြင့်ထုတ်လုပ် ရောင်းချလျက်ရှိပါသည်။ ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို အသိမိတ်ဆွေများအား လက်ဆောင်ပေးခြင်းအတွက်သော်လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်းဝယ် ယူကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ရောင်းချလျက်ရှိသော ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်ဈေးနှုန်းများမှာ ငါးရံ့ခြောက်()ပိဿာလျှင်(၆၅၀၀၀)ကျပ်၊ ငါးရံ့ခြောက်(၅၀)ကျပ် သားလျှင် (၃၃၀၀၀)ကျပ်၊ ငါးရံ့ခြောက်(၂၅)ကျပ်သားလျှင် (၁၆၅၀၀)ကျပ်နှင့် ပုဇွန်ခြောက်အသေး ()ဘူးလျှင်(၃၅၀၀)ကျပ်၊ ပုဇွန်ခြောက်အသေး()ပြည်လျှင်(၂၈၀၀၀)ကျပ်၊ ပုဇွန်ခြောက်အကြီး() ဘူးလျှင်(၅၀၀၀)ကျပ်၊ ပုဇွန်ခြောက်အကြီး()ပြည်လျှင်(၄၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၏ ဩဂုတ်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်လျက်ရှိသော ပုဇွန်ထုပ်နှင့် ပုဇွန်ဆိတ်ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက် ကုန်ပစ္စည်းတစ်မျိုးဖြစ်သော ပုစွန်ထုပ်နှင့်ပုစွန်ဆိတ်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ  ပုဇွန်ထုပ်များကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိပြီး၊ ပုဇွန်ဆိတ်များကို ကန့်ဘ လူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ပုဇွန်ထုပ်နှင့် ပုစွန်ဆိတ်ဈေးနှုန်းများမှာ ပုဇွန်ထုပ်(၁)ပိဿာလျှင် (၆၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၂၅၀၀)ကျပ်၊ (၁၀)ကျပ်သား လျှင် (၆၅၀၀)ကျပ်နှင့် ပုဇွန်ဆိတ် တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၅၀၀) ကျပ်၊ (၁၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ ပုဇွန်ရောင်း ဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော တောကြက်ဟင်းခါးသီးနှင့် ခဆော့သီးဈေးနှုန်းများ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်နှင့်ခဆော့ပင်များကို  နေအိမ်ခြံဝင်းများတွင်လည်း ကောင်း၊ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိ ကြောင်းသိရသည်။  

       ၂၀၂၅ခုနှစ်၊ဩဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူ တစ်ဦး၏ပြောပြချက်အရ တောကြက်ဟင်းခါးသီးနှင့် ခဆော့သီးများကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး()ပြည်လျှင် (၃၈၀၀)ကျပ်၊ နို့ဆီဘူး()ဘူးလျှင် (၅၀၀) ကျပ်နှင့် ခဆော့သီး()ပြည်လျှင် (၄၅၀၀)ကျပ်၊ နို့ဆီ()ဘူးလျှင် (၆၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း