သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းအတွင်းရှိ စျေးများ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ပလပ်စတစ်သုံးစွဲမှု လျော့ချရေး Campaign အား ဆောင်ရွက်လျက်ရှိရာ (၁၃.၁၁.၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀)အချိန်တွင် မကွေးမြို့၊ မြို့မစျေး၌ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းပြီး ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆ
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ထန်းကုန်းကျေးရွာ၊ သဲဖြူအုပ်စု၊ ထန်းလျက်ဖို၌ အုန်းထန်းလျက်လုပ်ငန်းရှင်များအား (၆-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ လက်ကားရည်ညွှန်းစျေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဈေးကွက်အတွင်း၌ ဘေးကင်းလုံခြုံစိတ်ချရသော ကုန်စည်များ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းလုပ်ငန်းများအားလစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တရားမဝင်တင်သွင်ဖြန့်ချိလျက်ရှိသည့် Par Bisiure အမှတ်တံဆိပ် (IV/HV injection ) အကြောအားဆေးကို တင်သွင်းရောင်းချလာသည်ဟုသိရှိရပါသဖြင့် (၁၀-၁၁-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့်အတူသွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။