သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
17 Nov 2023

   ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက်(၉:၀၀) အချိန်တွင် ကော့သောင်းမြို့ စားသုံးသူရေးရာဦးစီးဌာနအပါအဝင် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကော့သောင်းမြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံများကို ကွင်းဆင်းစစ် ဆေးခဲ့​ကြောင်း သိရှိရပါသည်။

17 Nov 2023

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ ဆန်စက်အသင်းရုံးတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ခရိုင်ရုံးဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများကို စီးပွားရေးလုပ်ငန်းရှင်များသိရှိစေရန်အလို့ငှာ မအူပင်ဆန်စက်လုပ်ငန်းရှင်များအား ဖိတ်ကြား၍ ဟောပြောဆွေးနွေးခဲ့သည်။

17 Nov 2023

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် (၂-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဌာနဆိုင်ရာများစုပေါင်း၍ ကျောင်းသား/ကျောင်းသူ(၁၂၀)အား အသိပညာပေးဟောပြောခဲ့ပါသည်။းခဲ့ပါသည်။

17 Nov 2023

      စားသုံးသူရေးရာဦးစီးဌာန၊  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် (၂-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်ရှိ သမာဓိဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

17 Nov 2023

   ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ရက်နေ့၊ နံနက်(၉:၀၀)အချိန်တွင် တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကော့သောင်းမြို့ အခြေခံပညာအလယ်တန်း(ခွဲ) ဘုရင့်နောင်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

Pages