သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
17 Nov 2023

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ကုန်မျိုးစုံရောင်းချလျက်ရှိသည့် လုပ်ငန်းရှင်(၁၃)ဦးအား ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် အသိပညာပေးဟောပြောခဲ့ပါသည်။

17 Nov 2023

   ပုသိမ်ခရိုင်သာပေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ကွမ်းခြံကုန်းကျေးရွာအတွင်းရှိ အိမ်ထောင်စု (၅၅၀)စုအတွက် အခြေခံရည်ညွှန်းဈေးဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ကျပ် (၅၀၀၀)ဈေးနှင့်ရောင်းချပေးခဲ့ပြီး နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ကွက်ပြင်ကျေးရွာအုပ်စု ပိန္နဲကုန်းကျေးရွာအတွင်းရှိ အိမ်ထောင်စု‌ ၅၅၀ အတွက် ပုသိမ်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဈေးကားဖြင့် ကျေးရွာနေပြည်သူများအား ဈေးနှုန်း သက်သာစွာဝယ်ယူစာ

17 Nov 2023

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဖျာပုံမြို့ပေါ်ရပ်ကွက်များရှိ ရေသန့်အရောင်းဆိုင်များအား ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

17 Nov 2023

    ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ချယ်ရီမြင့်သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရေကြည်မြို့နယ် နတ်စင်ငူ အ.ထ.က (ခွဲ) ကျောင်းရှိ ဆရာ/ဆရာမ (၂၂) ဦး ကျောင်းသား၊ကျောင်းသူ ၂၈၆ ဦး တို့အား စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေးဟောပြောခဲ့ပါသည်၊၊

17 Nov 2023

   ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေး မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်အတူ ပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် ပုသိမ်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် အသင်းတို့ပူးပေါင်းပါဝင်၍ ဆန်နှင့်ဆီတို့အား ဈေးကားဖြင့် ရောင်းချပေးခဲ့ပါသည်၊၊

Pages