သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာ ဦးစီးဌာန၊ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်းထမ်းများသည် ၁၁-၁၁-၂၀၂၃ ရက်နေ့ နံနက် ၆:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ဘားအံမြို့ အ.မ.က ရွှေကင်းကျောင်းဝန်း၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသူ/သားများနှင့်အတူ စုပေါင်းသန့်ရှင်း ရေးပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုသိမ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့တွင် ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းများရှင်များအသင်း မြို့နယ်ဆန်ကုန်သည်နှင့်ဆန်လုပ်ငန်းရှင်များအသင်း ဆားလုပ်ငန်းဌာနနှင့်အတူ ပုသိမ်မြို့နယ် လင်းဝင်းကြီးကျေးရွာအုပ်စုသို့ သွားရောက်၍ လင်းဝင်းကြီး ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာအုပ်စုများရှိ အိမ်ထောင်စု (၅၅၀) စုအတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ဆီ၊ဆားတို့ကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်၊၊
ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီမြင့်နှင့် ဝန်ထမ်းများသည် ရေကြည်မြို့ မြို့မစည်ပင်သာယာဈေးအတွင်း စားသုံးဆီ ရောင်းချသော ဆိုင်များသို့ နိုဝင်ဘာလ ၅ ရက်နေ့ ဈေးကွက်အတွင်း စားသုံးဆီရောင်းချနေသည့် ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်၊၊ ထိုသို့သွားရောက်ခဲ့ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ် ရဲတပ်ဖွဲ့မှူး ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်အလုပ်အမ
ပုသိမ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးဝန်ထမ်းများနှင့် မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် ပုသိမ်မြို့နယ် ကြက်ပေါင်ကျေးရွာသို့သွားရောက်၍ ၎င်းကျေးရွာအုပ်စု ဝန်းကျင်ရှိ အိမ်ထောင်စု ၅၅၀ စုအတွက် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၅၀၀၀ ဖြင့် စားအုန်းဆီပိဿာ (၅၅၀)၊ ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် ဧည့်မထဆန် (၁၀)အိတ်၊ ဆားတစ်ပိဿာလျှင် ကျပ် ၃၀၀ ဖြင့် ဆားပိဿာ (၁၀၀)တို့ကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်၊၊<
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် ပုသိမ်မြို့ဆရာဝန်အသင်းခန်းမ၌ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ မြန်မာကုန်သွယ်မူမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးချုပ်နှင့်အဖွဲ့ဝင်များ၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးစို