သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
17 Nov 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ()ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လုပ်ငန်းရှင်(၁၇)ဦးအား မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

17 Nov 2023

  ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသိမ်းမောင်သည် ပြန်/ဆက်ဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၌ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

17 Nov 2023

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာ၊ အုတ်စီကုန်းကျေးရွာ၊ တာလမ်းကျေးရွာနှင့် ညောင်တုန်းကျေးရွာများရှိ ကျေးလက်နေပြည်သူ အိမ်ထောင်စု ၅၅၀ အတွက် အခြေခံစားသောက်ကုန်များအား ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ပါသည်၊၊

17 Nov 2023

    ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘုရားကလေးကွင်းကျေးရွာ (အ.လ.က) ကျောင်းရှိ ကျောင်းသား/သူ (၁၂၀) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေဟောပြောခဲ့ပါသည်။

17 Nov 2023

   ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် မြို့နယ်အတွင်းရှိ နေလမင်း အမှတ်တံဆိပ်ပါ သောက်ရေသန့် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရေးသားရန်နှင့် ဌာန၏ လုပ်ထုံးလုပ်နည်းများအတိုင်းဆောင်ရွက်ရန် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးသို့ လုပ်ငန်းရှင်အား ခေါ်ယူတွေ့ဆုံ

Pages