သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဖျာပုံမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်၍ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၉.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ဆရာမ(၅)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၉၄)ဦး၊ စုစုပေါင်း(၉၉)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများသည် စားသုံးသူပြည်သူများအား အခွင့်အရေးများရရှိစေရန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများအား မှန်ကန်စွာရွေးချယ်ဝယ်ယူတတ်စေရန်အတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၉.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းသို
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပန်းတနော်မြို့နယ်သို့သွားရောက်၍ (၉-၁၁-၂၀၂၃)ရက်နေ့တွင် ပန်းတနော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ပန်းတနော်ဆန်စပါးလုပ်ငန်းရှင်များနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၈-၁၁-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ အလန်မန်းကျောင်စုကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။