သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြ ရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၃.၉.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘို မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၂)ဦးတို့သည် ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်၊ ဈေးတောင်ဘက်ရှိ ကုန်မျိုးစု
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာတို့ပူး ပေါင်း၍ (၁၃.၉.၂၀၂၃)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များနှင့်အညီ ကိုက်ညီခြင်းရှိ /မရှိ သွားရောက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကန့်ဘလူမြို့မရဲစခန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၄.၉.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့၊ မြို့မစည်ပင် ဈေးရှိကုန်စုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာ ကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ကိုက်ညီခြင်းရှိ/မရှိသွားရောက်၍
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဆီကုန်သည်များနှင့်ပူးပေါင်းကာ (၁၁.၉.၂၀၂၃)ရက်နေ့မှစ၍ (၁၅.၉.၂၀၂၃) ရက်နေ့ထိ ၊နေ့စဉ်နံနက် (၀၇:၀၀)နာရီ ကန့်ဘလူမြို့စည်ပင်သာယာခန်းမတွင် စားအုန်းဆီများကို ပြည်သူများ၏ လက်ဝယ် အရောက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကျင်းပသော (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြည်မြို ၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲ၌ ပြည်ခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်(၄)မြိုနယ်တို့မှ ကျောင်းသား/ကျောင်းသူများက အခြေခံပညာအဆင့်၌လည်းကောင်း၊ တက္ကသိုလ်အဆင့် ကျောင်းသား/သူများက အဆင့်မြင့်ပညာအဆင့်၌လည်းကောင်း၊ ဝါသနာရှင်များက ဝါသနာရှင်အဆ