သတင်းနှင့် လှုပ်ရှားမှုများ
နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် ၃ရပ်အနက် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စစ်ကိုင်းခရိုင် အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ကို စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၆ရက်နေ့နှင့် ၁၇ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့ နံနက် (၁၀း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ “နေလ” စတိုး၊ “မြို့မ”စတိုး၊ “ဟက်ပီးဘေဘီ” ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုး အရောင်းဆိုင် (၃)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တာဝန်ခံရုံးရှိ ကော့ကရိတ်မြို့နယ်တာဝန်ခံ ဦးသက်လွင်(ရုံးအုပ်)၊ ကြာအင်းဆိပ်ကြီးမြို့နယ်တာဝန်ခံ ဦးမောင်မောင်အေး(ဒု-ကြီးကြပ်ရေးမှူး)တို့သည် (၁၅-၉-၂၀၂၃)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကျေးအဖွဲ့ဝင်များ ပူးပေါင်း၍ ကော့ကရိတ် မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ လုပ်ငန်းရှင်ဦးမင်းသိန်းပိုင် ပျံလွှာမုန့်တိုက်တွင် ထုတ်လုပ်လျက်ရှိသော ပေါင်မုန့်၊ ကိတ
၁၂.၉.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် သထုံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၈.၉.၂၀၂၃) ရက်နေ့တွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (ဘီးလင်း)ခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ပြုလုပ်၍ ဟောပြောဆွေးနွေးခဲ့ကြောင်း သိရပါသည်။