သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Sep 2023

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၆ရက်နေ့၊  နံနက် (၇:၀၀)နာရီအချိန်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်ဦးဆောင်၍ တောင်ငူမြို့နယ်၊  ညောင်ပင်ဈေးတွင် ရောင်းချလျက်ရှိသော အစားအသောက်များ၌ စားသုံးရန်မသင့်သည့် ဓာတုပစ္စည်းများပါဝင်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးရာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

20 Sep 2023

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့တွင် ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ စားသုံးဆီ‌ဈေးနှုန်းတည်ငြိမ်ရေးအတွက် ရေတာရှည်မြို့နယ်ရှိ ဆီစက်ပိုင်ရှင်များ၊ ဆီကုန်သည်များနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ ဆွေးနွေးခဲ့ပါသည်။

20 Sep 2023

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး (အောင်ပန်း)အနေဖြင့် (၁၂-၉-၂၀၂၃)ရက်နေ့၊  နံနက်    (၁၀:၀၀)  နာရီ အချိန်တွင် ရုံးအုပ် ဦးတင်ဌေးဦးဆောင်သောအဖွဲ့သည် ကလေးအာဟာရဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

20 Sep 2023

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၃ရက်နေ့၊ နေ့လယ်ပိုင်းတွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာအုပ်စု၊ တောင်နန်ချွန်ကျေးရွာရှိ စပါးခွံဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက် Gasifier Power Plant တပ်ဆင်အသုံးပြု၍ မုန့်ဖတ်ခြောက်ထုတ်လုပ်နေသည့် ဟိန်းစားသောက်ကုန်လုပ်ငန်းသို့သွားရောက်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းရှင် ဦးသောင်းဝင်းထွန်းက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

20 Sep 2023

    ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ငပုတောမြို့နယ်တရားမဝင် ကုန်သွယ်မှုစစ်ဆေးရေးအဖွဲ့သည် အဖွဲ့ဝင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စသည့်  မိတ်ဖက်ဌာနဆိုင်ရာများပါဝင်၍ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့တွင် မြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချလျက်ရှိသောဆိုင်များသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်၊၊

Pages