သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Sep 2023

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင်ဝန်ထမ်း တို့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ဖျာပုံမြို့၊ အ.ထ.က(၃)ကျောင်းတွင် ကျန်းမာရေးဌာနနှင့် ပူးပေါင်းကာ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

20 Sep 2023

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ (၃)ရပ်ကွက်၊ ဒုတိလမ်းရှိ ဂွတ်ရှယ်သုံးထောင့်မုန့်လုပ်ငန်းသို့ ကွင်းဆင်းခဲ့ကြပါသည်။

20 Sep 2023

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာ(၁၁)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့ စားသုံးသူရေးရာတာဝန်ခံရုံးတွင် ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်( ၁၈ )ဦးအား စားသုံးသူကာကွယ်ရေး  အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

20 Sep 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဇလွန်မြို့နယ်လမ်းမတော်(မ) ရပ်ကွက်၊ အခြေခံပညာမူလတန်း(ဦးသီလ)ကျောင်း၌  ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၁၀၅)ဦးအား (၄.၉.၂၀၂၃)ရက်နေ့ ၊နေ့လယ်(၁၃:၀၀)နာရီတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

20 Sep 2023

      စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် မြို့မတဲကြီးကုန်းအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်(၁၀)ဦးအား (၁၄.၉.၂၀၂၃) ရက်နေ့ ၊ နံနက် (၁၁:၃၀) နာရီ အချိန် တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

Pages