သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ “စားသုံးသူကာကွယ်ရေးအသိပညာပေး လက်တွေ့အသုံးချမှုသင်တန်း” ကို ၁၄.၉.၂၀၂၃ ရက်နေ့မှ ၁၅.၉.၂၀၂၃ ရက်နေ့ထိ (၂) ရက် ဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းနည်းပြများနှင့် ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်တာဝန်ခံများ စုစုပေါင်း (၃၃) ဦး တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
၁၃.၉.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမ (၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လုပ်ငန်းလမ်းညွှန်ချက်များအပေါ် ပြန်လည်ရှင်းလင်းခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ဦးစီးမှူး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
၁၄.၉.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကျိုက်ထိုမြို့ပေါ်ရှိ စတိုးဆိုင်များတွင် ကလေးအာဟာရဖြည့်စွက်စာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
၁၃.၉.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ မော်လမြိုင်မြို့ အမှတ် (၁)၊ အမှတ် (၂) ဈေး၊ ဝံဈေး၊ K-mark၊ Mini Market တို့တွင် ကလေးအာဟာရဖြည့်စွက်စာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိရာ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ စာဖတ်ဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများ အသိပညာပေးဟောပြောခဲ့ပါသည်။