သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Sep 2023

    ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရေးတို့အတွက် မြို့မဈေးနှင့်ဈေးအနီး စတိုး ဆိုင်များတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) တို့နှင့်အညီ ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို လစဉ်ပုံမှန်ဆောင်ရွက်

20 Sep 2023

       ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ၊စားသုံးသူရေးရာဦးစီးဌာနမှ ဦးမောင်လှဝင်း(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၊ကျန်းမာရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၁၃-၉-၂၀၂၃) ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် စစ်တွေမြို့ အမှတ်(၅)မင်းဂံရပ်ကွက်၌ ဒေါ်ရွှေရည်သင်းပိုင် TOP သောက်ရေသန့်လုပ်ငန်းသို့ သွားရောက်ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းသော ကုန်ပစ္စည်းထုတ်လုပ်ရောင်းချရေးနှင့် သောက်ရေသန့်ဘူးပေါ်တွင် ဖော်ပြထားသည့်ကုန်အညွှ

20 Sep 2023

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှ စစ်ဆေးရေးမှူး ဦးစောသန်းထိုက်ကျော်နှင့် လက်ထောက်ကြီးကြပ်ရေးမှူး ဦးဇော်မိုးအောင်တို့သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၆ရက်နေ့၊ နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် အုတ်တွင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ညှိနှိုင်းချက်အရ အုတ်တွင်းမြို့နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

20 Sep 2023

    အုတ်တွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသားကျောင်းသူများအား ဌာနဆိုင်ရာများအလိုက် သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့က အသိပညာပေးဟောပြောပွဲများကို ပူးပေါင်း၍ကျင်းပခဲ့ပါသည်။

20 Sep 2023

  စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်၍ ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများပါဝင်သောအဖွဲ့သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၆ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် တောင်ငူမြို့၊ ဘုရင့်နောင်ဈေး၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်နှင့်စားသုံးဆီရောင်းချလျက်ရှိသည့်ဆိုင်များသို့သွားရောက်၍ ကုန်ဈေးနှုန်းများကို မေးမြန်းစုံစမ်းပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပါသည်။

Pages