သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Sep 2023

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုူလက်မှုလုပ်ငန်း ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ် ၊စက်တင်ဘာလ(၁၅)ရက်နေ့တွင် အခြေခံပညာမူလတန်း(လွန်)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များ ဝယ်ယူစားသုံး‌စေရေး ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဟောပြောခဲ့ပါသည်။

20 Sep 2023

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၁၃.၉.၂၀၂၃ ရက်နေ့တွင် မြိတ်မြို့၊ ကန်ခေါင်းရပ်၊ ပုလဲကမ္ဘာမုန့်တိုက်သို့ သွားရောက်၍ မုန့်တိုက်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

20 Sep 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဦးစီးဌာန၏ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission) များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး ရည်ရွယ်၍ ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို မအူပင်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၁၁.၉. ၂၀၂၃) ရက်မှ (၁၂.၉.၂၀၂၃) ရက်နေ့အထိ နေ့စဉ် နံနက် (၁၀:၀၀)နာရီမှ နေ့လယ်(၁၄:၀၀)နာရီအထိ (၂)ရက်တာ သင်တန်းဖွင့်လှစ်ပို့ချခဲ့ပါသည်။

20 Sep 2023

     ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ငပုတောမြို့နယ်မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဧည့်မထ ဆန်တစ်ပြည်လျှင် ၂၅၀ဝိ/-ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပြည်နှုန်း ရောင်းချပေးခဲ့ကြောင်း သိရသည်၊၊

20 Sep 2023

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိုင်းဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးစိုးဦးသည် ရုံးအမှတ် (၃) ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် တိုင်းဒေသကြီး/ပြည်နယ်များတွင် စားအုန်းဆီ ထုတ်ယူဖြန့်ခွဲရောင်းချသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အစည်းအဝေးကို Virtual စနစ်ဖြင့် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်ကိုကိုတို့နှင့်

Pages