သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် စားသုံးသူကာကွယ်ရေးအသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၃ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းရှင်စုစုပေါင်း ( ၁၀) ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် အပတ်စဉ် တနင်္လာနေ့တိုင်း ဈေးကွက်အတွင်းသို့ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများ၏ နေ့စဉ်စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ဆေးနှင့်ဆေးပစ္စည်းရောင်းချနေသည့်ဆေးဆိုင်များသို့ သွားရောက်ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ မြို့မဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များကို ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်ဦးစီးမှူးကြီးကြပ်ကာ ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများက ဈေးကွက်အတွင်းသို့ နေ့စဉ်သွားရောက်စစ်ဆေးလျက်ရှိရာ (၂၀-၁၁-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် အခြေခံစားသောက်ကုန်ရောင်းချနေမှုအခြေအနေများကိုသိရှိရန် ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များရှိ ဆန်ဆိုင်များသို့ နိုဝင်ဘာလ (၁၈)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်မှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်တွင် စားသုံးသူပြည်သူများအသိပညာပေးဟောပြောခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ နိုဝင်ဘာလ(၁၈)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။