သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းနှင့်အတူ နိုဝင်ဘာလ ၂၀ရက်နေ့၊ နေ့လယ်ပိုင်းတွင် အုတ်တွင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို Talk Show အစီအစဉ်ဖြင့်ဆောင်ရွက်ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက်နေ့၊ နံနက်ပိုင်းတွင် အုတ်တွင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်း အဝေးခန်းမ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံရုံး၏ အစည်းအဝေးခန်းမ၌လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်များမှ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဥပဒေပြဋ္ဌာန်းချက်များ၊ အမိန့်နှင့်ညွှန်ကြားချက်များကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ စက်မှုလုပ်ငန်းစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းအဆင်ပြေချောမွေ့လည်ပတ်နိုင်စေရန်အတွက် မအူပင်ခရိုင်ခရိုင်ဦးစီးမှူးရုံး၌ (၁၉.၁၁.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၂:၀၀)အချိန်တွင် နိုဝင်ဘာလအတွက် စက်မှုလုပ်ငန်းသုံးဆီ ခွဲတမ်းရရှိသောလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဆီထုတ်ယူရရှိနိုင်ရေးနှင့် လိုက်နာရမည့်စည်းကမ်းချက်များ၊ သတ်မှတ်ချက်များ၊ စီးပွားရေး
သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီရောင်းချသည့်အရောင်းဆိုင်များအား စက်သုံးဆီဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့က ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို (၁၉.၁၁.၂၀၂၄) ရက်နေ့ နံနက် (၁၀း၀၀)နာရီ အချိန်က စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပါဝင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအုပင်ခရိုင်၊ ဓနုဖြူမြို့နယ် ရှိ ဆန်စက် နှင့် သိုလှောင်ရုံများ ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ထားရှိပြီး မြို့နယ်တွင်းဆန်စက်နှင့် သိုလှောင်ရုံးများတွင် စပါးသိုလှောင် ထားရှိမှု မြေပြင် အမှန်တကယ်အခြေအနေများ၊ စပါးဆန်ကြိတ်ခွဲမှု အခြေအနေများကို (၁၉.၁၁.၂၀၂၄) ရက်နေ့၊နေ့လယ် (၁၄:၀၀)က ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကွင်းဆင်းစစ်ဆေးကြည်ရှုခဲ့ကြသည်။