သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Nov 2024

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ဒုတိယဦးစီးမှူး ဦးနေစိုးထက်တို့သည် (၁၄-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်ငူမြို့၌ရောင်းချသော စည်သွပ်အစားအစာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပူးပေါင်းအဖွဲ့များနှင့်အတူ ဆောင်ရွက်ခဲ့ကြပါသည်။

21 Nov 2024

        ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်   (၁၄-၁၁-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၄၅)နာရီအချိန်တွင် ဖြူးမြို့မဈေးအတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

21 Nov 2024

                စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁၈-၁၁-၂၀၂၄ ရက်၊ တနင်္လာနေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ သူနာပြုသင်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ (ကျောင်းသား၊ကျောင်းသူ)များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ  သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

21 Nov 2024

            မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများသည် (၁၂.၁၁.၂၀၂၄) ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ် အနိုင်းမွန်ကျေးရွာ (အ.မ.က) မူလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရပါသည်။

21 Nov 2024

         စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ကုန်စည်များတွက် ကုန်အညွှန်းအမှတ်အသားများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်မည်ဖြစ်ရာ စစ်ဆေးရေးမှူးများသည် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိကို စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

Pages