သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် ၁၈.၁၁.၂၀၂၄ ရက်နေ့တွင် “ဆွီ” အမှတ်တံဆိပ် ဟင်းမွှေးမဆလာထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။
၁၄.၁၁.၂၀၂၄ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေးမြို့နယ်တာဝန်ခံ ဒေါ်အိဖြိုးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ မသမီးကုန်စုံဆိုင်နှင့် အောင်သုခရပ်ကွက်အတွင်းရှိ မေမေကုန်စုံဆိုင်တို့တွင် စားဆီအမျိုးမျိုးရောင်းချခြင်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
၁၄.၁၁.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် မော်လမြိုင်မြို့နယ်တာဝန်ခံတို့သည် မွန်ပြည်နယ် ကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှပြုလုပ်သော “ကွန်ပျူတာသင်တန်း” ရှိ သင်တန်းသား၊ သင်တန်းသူ (၅၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရပါသည်။
၁၄.၁၁.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မုဒုံမြို့နယ်၊ မြို့မဈေးနှင့်မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့အား ဈေးကွက်စော
၁၄.၁၁.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မုဒုံမြို့၊ မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်ရှိကုန်စုံဆိုင်များတွင် ရောင်းချနေသောစားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြု