သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Nov 2024

              စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ဟင်္သာတမြို့နယ်၊ ရုံးကြီးရပ်ကွက်၊ ရွှေစေတီလမ်းရှိ မြို့နယ်ထွေအုပ်ရုံး၌ ပြည်သူ(၆၀)ဦးအား (၁၇.၁၁.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများ ကိုဆောင်ရွက်ခဲ့ပါသည်။

21 Nov 2024

               နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြို့မနေခြည်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/ မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

21 Nov 2024

                ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကုန်မျိုးစုံစားသောက်ကုန် ရောင်းချနေသောကုန်စုံဆိုင်(၈)ဆိုင်တွင် ရောင်းချနေသော ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးကုန်ပစ္စည်းတို့တွင် စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ပြန်ချက် ညွှန်ကြားချက်(၂/၂၀၁၉) နှင့် ကိုက်ညီမှုရှိ/ မရှိနှင့် (၁၈.၁၁.၂၀၂၄) ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်က ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

21 Nov 2024

        စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် မြေပြင်ကွင်းဆင်းအဖွဲ့နှင့်ပူးပေါင်း၍ မော်လမြိုင်မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီရောင်းချပေးနေသော စားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့သည်။

21 Nov 2024

      မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မုဒုံမြို့နယ်၊ မြို့မဈေးအတွင်းရှိ အလှကုန်အရောင်းဆိုင်များသို့ သုံးစွဲရန်မသင့်သည့် တားမြစ်ထားသော အလှကုန်ပစ္စည်းများ

Pages