သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၈.၁၁.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းမှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းနှင့် စပ်လျဉ်း၍ Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် မြန်အောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် အမှတ်(၁)ရပ်ကွက်၊ ရုံးလမ်း၊ မြို့နယ်ထွေအုပ်ရုံး၌ စားသုံးသူပြည်သူများအနေဖြင့် Online မှဈေးဝယ်ယူရာတွင် လိမ်လည်လှည့်ဖြားခံရမှုမရှိစေရန်နှင့် နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရန်ရည်ရွယ်လျက် အွန်လိုင်းစနစ်ဖြင့် ဈေးဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သက်ဆိုင်ရာဦးစီးဌာနများနှင့် ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ ကရင်ကျောင်းလမ်း၊ တာငါးဆယ်(မ)ရပ်ကွက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းခန်းမတွင် ဆရာ/ ဆရာမများနှင့် သင်တန်းသား/သူ (၁၂၀) ဦးအား (၁၈.၁၁.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၃၀)အချိန်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍(၁၈.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၇.၁၁.၂၀၂၄)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ဆန်တန်းရပ်ကွက်အတွင်းရှိ ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။