သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Nov 2024

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး Community Center ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ တိုင်ကြားခြင်း အကြောင်း Talk Showကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် (၁၁:၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြပါသည်။

22 Nov 2024

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်ခရမ်းမြို့နယ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ နိုဝင်ဘာလ(၁၄)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ဓာတ်မြေဩဇာပစ္စည်းအမျိုးမျိုးဖြန့်ဖြူးရောင်းချနေသည့် ဈေးနှုန်းအခြေအနေ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ဌာနဆိုင်ရာများပူးပေါင်း၍ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

22 Nov 2024

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့်အတွက် အွန်လိုင်းစနစ်ဖြင့်ရောင်းချမည့် မည်သူမဆို မှတ်ပုံတင်လက်မှတ် မှတ်ပုံတင်စနစ်အား သတ်မှတ်သောလျှောက်လွှာပုံစံတွင် ဖြည့်သွင်း၍ အွန်လိုင်း(Online)စနစ်ဖြင့် မှတ်ပုံတင်လက်မှတ်လျှောက်ထားနိုင်ရန်နှင့် အွန်လိုင်းမှတဆင့် ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ Talk Show အသိပညာပေး ဆွေးနွေးခ

21 Nov 2024

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မင်းတဲကျွန်းအုပ်စု၊ မင်းတဲကျွန်းကျေးရွာရှိ (အ.မ.က) မင်းတဲကျွန်းကျောင်းတွင် (၁၁.၁၁.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီအထိ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။

21 Nov 2024

        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်၏ မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရ စားသုံးဆီ(၂၀)ပေပါ (သို့) ပိဿာ ၂၂၀၀ ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

Pages