သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Jun 2024

   (၁၄.၆.၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်း၌ စားသုံးသူကာကွယ်ရေးဥပဒေပါတားမြစ်ချက်များအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

20 Jun 2024

    အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းရှင်းလင်းပွဲအခမ်းအနားကို  ၁၄.၆.၂၀၂၄ ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာများ စီမံကိန်းကျေးရွာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

20 Jun 2024

     (၁၃.၆.၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုခန်းမ၌ ကုန်စည်ဝန်ဆောင်မှုနှင့် ပတ်သက်၍ အာမခံပေးခြင်းဆိုင်ရာ အသိပညာပေး (Talk Show) ကိုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

20 Jun 2024

     ကမ္ဘာ့ကုလသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံများမှ စားသုံးများ၏ အကျိုးစီးပွားနှင့်လိုအပ်ချက်များကိုစဉ်းစား၍ နိုင်ငံများအား ၎င်းတို့၏ စားသုံးသူများကို အကာအကွယ်များနှင့်အကူအညီများ ပေးနိုင်ရန်ရည်ရွယ်၍ လမ်းညွှန်ချက်များ ရေးဆွဲခဲ့ပါသည်။ စားသုံးသူများ၏ လိုအင်ဆန္ဒများနှင့်အညီ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချမှုပုံစံများကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် လျှင်မြန်ချောမွေ့စေရန်၊ စားသုံးသူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ထုတ်လုပ်ဖြန့်ဖြူး ရာင်းချသည့်လုပ်ငန်း

20 Jun 2024

  စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်မှ ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍   (၁၄-၆-၂၀၂၄)ရက်နေ့တွင် မော်လမြိုင်မြို့၊ အမှတ်(၁) ဈေးကြီးအတွင်းရှိကုန်စုံဆိုင်ကြီးများနှင့်  ကျိုက်မရောမြို့နယ် မြို့မဈေးနှင့် ရှင်စောပုရပ်ကွက်(၂)အတွင်းရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ ဦးစားပေးကုန်စည်ဖြစ်သော အသင့်စားခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရ

Pages