သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Jun 2024

     ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့၊ နံနက် ၉း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ကောင်းဆက်ဟိန်းယာဉ်ရပ်နားစခန်းသို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ယာဉ်မောင်း ဦးဇင်မောင်မောင်၊ ယာဉ် အမှတ် (1L/9372၊ FUSO) မော်တော်ယာဉ်ဖြင့် တင်ဆောင်လာသော Kaung Hlyan New Asia ကုမ္ပဏီမှ (စနစ်သစ်)ဖြင့် တင်ပို့‌‌‌ရောင်းချသည့် စားအုန်းဆီ (၁)ပေပါလ

19 Jun 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်     (၁၁-၆-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆီကုန်သည်လုပ်ငန်းရှင်(၄၇)ဦးအား စားသုံးဆီနှင့် စားသုံးသူအခွင့်အရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

19 Jun 2024

      စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်တို့သည် (၁၀-၆-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပန်းတနော် ထွန်းတောက်ဆန်စက်သို့သွားရောက်၍  ဆန်စပါးဈေးနှုန်း၊ ဈေးကွက်ရရှိမှုအတွက် အရည်အသွေးမြင့်ဆန်များထုတ်လုပ်ပြီး ဈေးကွက်ခိုင်မာမှုရှိစေရေးအတွက် လိုအပ်သောနည်းလမ်းများကို အသေးစိတ်ဆွေးနွေးရုံသာမက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ကြသည်။

19 Jun 2024

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသုံးဆီများဝယ်ယူစားသုံးမှုအဆင်ပြေစေရန်နှင့် စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရန်ရည်ရွယ်၍ (၁၀-၆-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းအဖွဲ့သည် စည်ပင်သာယာဈေးများနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသုံးဆီအရောင်းဆိုင်များသို့သွားရောက်ကာ စားသုံးဆီများဖြန့်ဖြူးရောင်းချရာ၌ သတ်မှတ်ဈေးနှုန်းထက် ဈေးမြင့်တင်ရောင်းချခြင်းရှိ/မရှိ ကြပ်မတ်စစ်ဆေး

19 Jun 2024

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြမြို့နယ်မှာ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းဖြစ်သော ဒေါ်အားမီး မရွေးလုပ်ငန်းကို အမှတ်(၅)ရပ်ကွက်ရှိ ဈေးဦးကျောင်းလမ်း၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုကို စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ကသွားရောက်၍ အသေးစား၊ အလတ်စားလုပ်ငန်းများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းလေ့လာခဲ့ကြသည်။

Pages