သတင်းနှင့် လှုပ်ရှားမှုများ
မအူပင်ခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပန်းတနော်မြို့နယ်၊ မြို့မဈေးကြီးနှင့် အရှေ့ပိုင်းရပ်ကွက်ဈေး၊ အနောက်ပိုင်းရပ်ကွက်ဈေးနှင့် မြို့ပေါ်ရှိ လက်ကားဆီအရောင်းဆိုင်တို့တွင် ရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးတို့အား မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ (၁၀-၆-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်၍ ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့၊ နံနက်(၇း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ပါရမီရပ်ရှိ ပြည်သူများအားစျေးနှုန်းသက်သာချောင်ချိစွာဖြင့် ဝယ်ယူနိုင်ရေးအခြေခံစားကုန်များအား ရောင်းချခဲ့ကြပါသည်။
၂၀၂၄ခုနှစ်၊ ဇွန်လ ၁၃ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မုန့်စျေးတန်းရောင်းချနေသည့် ဆိုင်ပိုင်ရှင်များအား တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အခြေခံစားကုန်များဖြစ်သော ဆန်နှင့် စားသုံးဆီစျေးနှုန်းများကို စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့၊ နံနက်(၉း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြိတ်ခရိုင် ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြင့် မြိတ်မြို့၊ မြစ်ငယ်ရပ်ရှိ ဆန်နှင့် ဆီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
၂၀၂၄ခုနှစ်၊ ဇွန်လ ၁၃ရက်နေ့၊ နေ့လယ် (၁၅း၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်မြို့မှ ဝန်ထမ်းများအား တိုင်းဒေကြီးစားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်က စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်းသိကောင်းစရာများဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများ၏အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရ