သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၄-၆-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဘုရားလမ်းရှိ အိမ်သုံးဆေးဆိုင်များ၌ ခွင့်ပြုချက်မရှိသောဆေးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၄-၆-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ်၊ အောင်သုခ (အ-လ-က) ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံရုံးမှ ဦးအောင်မိုးသည် (၁၃-၆-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံရုံး၌ စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် နတ်တလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသောက်ကုန်လုပ်ငန်းရှင် (MSMEs) များအား ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP)၊ ကောင်းမွန်သော သန့်ရှင်းမှုကျင့်စဉ် (GHP) နှင့် အစားအသောက်ထုတ်လုပ်ခြင်း၊ FDA၏ ထောက်ခံချက်လျှောက်ထားရန် လိုအပ်သည့်အချက်အလက်များနှင့် စားသုံးသူကာကွယ်ပေးရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသော အသိပညာပေးဆွေးနွေးပွဲကို (၁၄-၆-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ခရိုင်ဦးစီးမှူးရုံး၌ (၁၄.၆.၂၀၂၄) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မင်းဘူးခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် အဂ္ဂဟင်္သာကုမ္ပဏီမှ ကိုယ်စားလှယ်လွှဲအပ်ထားသော စားအုန်းဆီအရောင်းတာဝန်ခံ ဦးဝင်းအောင်သန်းတို့ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။