သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဇာဇာချိုဦးနှင့် ဝန်ထမ်းသည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးရည်ရွယ်၍ (၁၇-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဂန့်ဂေါမြို့ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေမှ ထုတ်ချေးမှု၊ ပြန်လည်ကောက်ခံရရှိမှု၊ အသုံးစရိတ် ကျခံသုံးစွဲမှုများကို (၆)လတစ်ကြိမ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြရမည်ဖြစ်ကြောင်း အကြောင်းကြားခဲ့ရာနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှထုတ်ချေးမှုအပေါ်အကျိုးသက်ရောက်မှု စောင့်ကြည့် အကဲဖြတ်နိုင်ရေးအတွက် ရေကျော်ကျေးရွာရှိ ဦးအောင်မျိုးမင်း ငါးကန်သို့ ငါးမွေးမြူဖြစ်ထွန်းမှု အ
၂၀၂၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ (၈.၆ .၂၀၂၄)ရက်နေ့တွင် ရန်ကုန်ဆီကန် Golden Good Pure Group Co.,ltd မှ တနင်္သာရီတိုင်းဒေသ ကြီး၊ ကော့သောင်းမြိုလက်ကားကိုယ်စားလှယ် ဦးနိုင်လင်းအမည်ဖြင့် မော်တော်ယာဉ်အမှတ် (1F/1267)ဖြင့် ဆီကန်မှ ထုတ်ယူပြီး ကော့သောင်းသို့ ယာဉ်အမှတ် (1F/2267)သို့ ပြောင်းတင်ကာ စားအုန်းဆီ (၂၀)ပေပါ သည် (၁၅.၆.၂၀၂၄) ရက်နေ့တွင် ကုန်ကားယာဉ်ရပ်နားကွင်းသို့ ရောက်ရှိလာမှုအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းများ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား စည်ပင်သာယာ မြို့မဈေး အတွင်း/အပြင်နှင့် ရပ်ကွက်များတွင် လက်လီ၊ လက်ကားဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဇွန်လ (၁၃)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ အဖွဲ့စုံဖြင့် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးရိုင်၊ ကော့မှူးမြို့နယ်၌ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်တွင် လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်ခြောက်ဆိုင်များတွင် စားအုန်းဆီဖြန့်ဖြူး ရောင်းချနေမှုအခြေအနေအား ဇွန်လ(၁၄)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။