၂၀၂၅-၂၀၂၆ခုနှစ် အောက်တိုဘာလ အထိ လယ်ယာထွက်ကုန်သီးနှံများနှင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့နိုင်မှုအခြေအနေ

Powered by Drupal

 

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ်မှ လယ်ယာထွက်ကုန်သီးနှံများနှင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့နိုင်မှုရှိပြီး အောက်တတိုဘာလ အထိ  ဆန်၊ဆန်ကွဲ၊ ပေါင်းဆန်၊ ကြဆန်၊ ငါးမျိုးစုံ၊မတ်ပဲ၊ ပဲတီစိမ်း၊ အစြေထုတ်ပြောင်းများတင်ပို့လျက်ရှိကြောင်း သိရသည်။

ဆန်များကို တင်ပို့သော ကုမ္ပဏီများမှာ ညောင်တုန်းမြို့နယ်  ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီ၊ မှ ဆန်၂၇၉၆၉ တန်၊ ညောင်တုန်းမြို့နယ် YOMA Sun Co., Ltd မှ ၄၉၄၀ တန်၊ ညောင်တုန်းမြို့နယ် The PerPetual Co.,Ltd မှ တင်ပို့မှု မရှိ၊  ညောင်တုန်းမြို့နယ် Good BrotherCo., Ltd မှ ၅၄၃၅ တန်၊ ဓနုဖြူမြို့နယ်  GoldDelta Co.,Ltd  ၄၁၇၇၆ တန် တင်ပို့ကြောင်းသိရသည်။

ဆန်ကွဲများကို တင်ပို့သော ကုမ္ပဏီများမှာ ညောင်တုန်းမြို့နယ်  ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီ၊ မှ (၁၂၇၄၂)တန်၊ ညောင်တုန်းမြို့နယ် YOMA Sun Co., Ltd မှ (၉၆၁၅) တန်၊ ညောင်တုန်းမြို့နယ် The PerPetual Co.,Ltd မှ တင်ပို့မှု မရှိ၊  ညောင်တုန်းမြို့နယ် Good BrotherCo., Ltd မှ (၅၂၈၈၀) တန်၊ ဓနုဖြူမြို့နယ်  GoldDelta Co.,Ltd  (၂၄၀၃၀) တန် တင်ပို့ကြောင်းသိရသည်။

ပေါင်းဆန်များကို တင်ပို့သော ကုမ္ပဏီများမှာ ညောင်တုန်းမြို့နယ်  ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီ၊ မှ (၂၆၈၃) တန်၊ ညောင်တုန်းမြို့နယ် The PerPetual Co.,Ltd မှ  (၂၃၅၁)တန် တင်ပို့ကြောင်းသိရသည်။

ဆန်ကြာဇံကို King Food Globalမှ ၂၁၁၈ တန် တင်ပို့ကြောင်း၊ ငါးမျိုးစုံကို ဝါဝါဝင်ကုမ္ပဏီမှ ၂၄၃တန်တင်ပို့ ကြောင်း၊ မတ်ပဲကို  တန် ၂၀၀၀၀၊ ပဲတီစိမ်း တန် ၁၈၀၀၊ အစြေထုတ်ပြောင်း တန် ၂၀၀၀၀တင်ပို့ပြီးဖြစ်ကြောင်း နယ်မြေစာရင်း ကုမ္ပဏီများမှ ပေးပို့သော စာရင်းအရသိရသည်။

DOCA(ဧရာဝတီ)