သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၁၄-၆-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိကုန်စုံဆိုင်များ၌ ကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြခြင်းရှိ/မရှိ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများက ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းပြုလုပ်ခဲ့ပါသည်။ စားသုံးသူများအနေဖြင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များသိရှိစေရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ပြည်သူများ၊ ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စားအုန်ဆီများရောင်းချပေးခြင်းကို ၂၀၂၄ခု ဇွန်လ ၁၅ရက် နံနက် (၀၇:၃၀)နာရီက ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၄-၆-၂၀၂၄ ရက်နေ့တွင် ပူးပေါင်းအဖွဲ့များနှင့်အတူ ဆန်စက်လုပ်ငန်းရှင်များထံသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရွာမမြောက်ရပ်ကွက်၊ မြောက်ရွာမတန်းလမ်းရှိ ဆန်ဆိုင်များနှင့်ဆန်စက်များသို့ (၁၄-၆-၂၀၂၄) ရက်နေ့တွင် မြို့နယ်စားသုံး သူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် သွားရောက်ကွင်းဆင်းခဲ့ရာ ဆန်ဆိုင်များတွင် ရန်ကုန်မြို့မှ ဝယ်ယူရောင်းချနေသောဆန်များဖြစ်သည့် မြောင်းမြပေါ်ဆန်းမွှေးတစ်အိတ်လျှင် (၁၄၆၀၀၀)ကျပ်၊ စိတ်တိုင်းကျဆန်တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ စိတ်တိုင်းကျ AA တစ်အိတ်လျှင် (၈၈၀၀၀) ကျပ်၊ စိတ်တိုင်းကျ ပခန်းဆန်တစ်အ
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၇-၆-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ၌ စားသုံးသူအသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခဲ့ပါသည်။