ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး၊ စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၆၂၅၀ ကျပ်မှ ၂၀၂၃ခုနှစ်၊ မေလ(စတုတ္ထအပတ်) တွင် တစ်ပိဿာလျှင် ၆၃၅၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ် မြင့်တက်ပါသည်။

တောင်ငူမြို့တွင် ဆန်တစ်အိတ်လျှင် ၂၀၂၃ခုနှစ်၊ ဧပြီလကုန်ပိုင်းက ရွှေဘိုပေါ်ဆန်း ၁၀၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း ၉၀၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း ၈၈၀၀၀ ကျပ်၊ ဧည့်မထ(မိုး) ၆၅၀၀၀ ကျပ်၊ ဧည့်မထ(နွေ) ၅၅၀၀၀ ကျပ်ရှိရာမှ ယခုမေလကုန်ပိုင်းတွင် ရွှေဘိုပေါ်ဆန်း ၁၀၅၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း ၉၇၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း ၉၃၀၀၀ ကျပ်၊ ဧည့်မထ(မိုး) ၆၈၀၀၀ ကျပ်၊ ဧည့်မထ(နွေ) ၅၇၀၀၀ ကျပ်ဖြင့် အသီးသီးဈေးမြှင့်တက်ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်း ရာသီအလိုက်သီးနှံများ စိုက်ပျိုးကြသော်လည်း ပြောင်းသီးနှံကို ပိုမိုစိုက်ပျိုးကြပါသည်။ ပြောင်းသီးနှံကို ရေရရှိမှုနှင့် ဈေးကွက်လိုအပ်ချက်အရ တစ်နှစ်ပတ်လုံးလိုလို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ်ရှိ စပါး/ဆန်ဈေးကွက်အခြေအနေမှာ ၂၀၂၃ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်တွင် ဈေးအနည်းငယ်ငြိမ်နေပြီး မေလဆန်းမှစ၍ စပါး/ဆန်/ပဲဈေးနှုန်းများ မြင့်တက်လျက်ရှိပါသည်။

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ်ရှိ ကြက်သွန်နီဈေးကွက်အခြေအနေမှာ ၂၀၂၃ခုနှစ်၊ ဧပြီလ ဒုတိယပတ်တွင် ကြက်သွန်နီဈေးနှုန်းမှာ ကြက်သွန်နီအသေးတစ်ပိဿာလျှင် ၁၂၀၀ကျပ် ၊ ကြက်သွန်နီ အလတ်တစ်ပိဿာလျှင် ၁၄၀၀ကျပ် ၊ ကြက်သွန်နီ အကြီးတစ်ပိဿာလျှင် ၁၆၀၀ ကျပ်ဖြင့် အသီးသီး ဈေးနှုန်းများ ရှိခဲ့သော်လည်း သင်္ကြန်ကာလအပြီး မေလ ဒုတိယအပတ်ထိ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိပါသည် ။ မေလတတိယပတ်နှင့် ယခုလက်ရှိဈေးနှုန်းမှာ ကြက်သွန်နီ အသေး တစ်ပိဿာလျှင် ၂၂၀၀ကျပ် ၊ အလတ်တစ်ပိဿာလျှင် ၂၅၀၀က