ကုန်သွယ်မှုသတင်းများ
အယ်လ်နီညိုခြောက်သွေ့ကာလကြောင့် သီးနှံအထွက်နှုန်းများ ကျဆင်းနိုင်မှုက စိုက်ပျိုးသူများအနေဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်စေပြီး အထူးသဖြင့် ကုန်စည်ဝယ်လိုအားနှင့် အသုံးပြုမှုမြင့်တက်လာခြင်းနှင့်အတူ စားအုန်းဆီကြမ်း ဈေးနှုန်းများ အတက်အကျများစွာ ဖြစ်ပေါ်မှုကြောင့် စားအုန်းဆီနယ်ပယ်အပေါ် ထိခိုက်မှုရှိနိုင်ကြောင်း မလေးရှား The Star သတင်းဌာနက ဖော်ပြခဲ့ပါသည်။
အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာန၏ မေလ (၁၅)ရက်နေ့၌ ထုတ်ပြန်ထားသောအမိန့်တွင် စားအုန်းဆီကြမ်း (CPO) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၉၃.၂၃ အား ရည်ညွှန်းဈေးအဖြစ် သတ်မှတ်ခဲ့ရာ ယခင် မေလ ၁ ရက်နေ့မှ ၁၅ ရက်အတွင်း သတ်မှတ်ထားသော ရည်ညွှန်းဈေး အမေရိကန်ဒေါ်လာ ၉၅၅.၅၃ ထက် ဈေးနှုန်းများ ကျဆင်းလာခဲ့သည်။ ယခုရည်ညွှန်းဈေးအသစ်အရ စားအုန်းဆီကြမ်းတစ်တန်လျှင် တင်ပို့မှုအခွန်မှာ အမေရိကန်ဒေါ်လာ ၇၄ ဖြစ်၍ စည်းကြပ်ခွန်မှာ အမေရိကန် ဒေါ်လာ ၉၅ သာ ကောက်ခံတော့မည်ဖြစ်ရာ ယခင် (၁၅) ရက်ထက် အခွန်များလျော့ကျသွားကြောင်
ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်အဆိုပြုလွှာအပေါ် တရုတ်နိုင်ငံအထွေထွေအကောက်ခွန်အုပ်ချုပ်ရေးဦးစီးဌာန (GACC)က သဘောတူခွင့်ပြုခဲ့ရာ တရုတ်ပြည်တွင်း၌ ကမ္ဘောဒီးယား ငရုပ်ကောင်းများကို တိုက်ရိုက်ဝယ်ယူ ရရှိနိုင်တော့မည်ဖြစ်ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်တွင်းဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်နေမှုကြောင့် ပြည်ပမှ ကြက်သွန်နီတင်သွင်းမှုကို မကြာမီခွင့်ပြုသွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးဝန်ကြီးဌာနမှ အတွင်းဝန် Ms. Wahida Akhtar က ပြောဆိုပါသည်။
ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်းကမ်းလွန်ပင်လယ်၌ ဆောင်ရွက်လျက်ရှိသော မာလမ်ပါယာသဘာဝဓါတ်ငွေ့တွင်း (Malampaya gas field) လုပ်ငန်းစီမံကိန်းရှိ ဝန်ဆောင်မှုလုပ်ငန်း စာချုပ်အမှတ် ၃၈ (SC 38) အား ၁၅-၅-၂၀၂၃ နေ့တွင် ဖိလစ်ပိုင်အစိုးရ က သက်တမ်း ၁၅ နှစ် တိုးမြှင့်ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။