ကုန်သွယ်မှုသတင်းများ
Powered by Drupal
17 Jul 2025
ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်တွင် ဖူးစားပြောင်းများ စိုက်ပျိုးလျှက်ရှိကြောင်း၊ မြို့နယ် အတွင်းဇူလိုင်လဆန်းအထိ ဖူးစားပြောင်းစိုက်ဧက(၂၆၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင် ရာဌာန၏စာရင်းများအရသိရှိရပါသည်။ ဖူးစားပြောင်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဝယ်လိုအားရှိပြီး လူကြိုက်များသော သိကြားပြောင်း မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း ၊ (၁)ဧက မျိုး အသုံးပြုမှုအနေဖြင့်(၈)ပြည်ကုန်ကျကြောင်း၊ ပြောင်းဖူးမျိုးစေ့(၁)ပြည်လျှင်(၅၀၀၀-၅၅၀၀)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုရကြောင်း ဖူးစားပြောင်းစိုက်ပျိ
17 Jul 2025
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆီထွက်သီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်း လျှက်ရှိရာ ၄င်းသီးနှံများအနက် နွေနှမ်းသီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်၌ (၄၄၂၀၆)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၂၃၄၄၄)ဧက၊ မြစ်သားမြို့နယ်တွင် (၂၉၂၀၈)ဧက စုစုပေါင်း (၉၆၈၅၈)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာ၏ စာရင်းများအရသိရှိရပါသည်။ နွေနှမ်း(၁)ဧက စိုက်ပျိုးလျှင် မျိုးအနေဖြင့် (၃)ပြည်ခန့် ကုန်ကျကြောင်း ၊ နှမ်းမျိုး(၁)ပြည်လျှင် (၈၀၀၀/-)ကျပ် စျေးနှုန်းဖြင့်ဝယ်ယူစိုက်ပျိုးရ ကြောင်း၊ နွေနှမ်းစိုက်ပျိ

17 Jul 2025
ကျောက်ဆည်ခရိုင်အတွင်း မိုးမြေပဲများစိုက်ပျိုးလျှက်ရှိပြီး တောင်သူဦးကြီးများမှ ပြည်တွင်း စားသုံဆီဖူလုံရန်အလို့ငှာ မိုးမြေပဲ၊ဆောင်းမြေပဲများကို ရာသီအလိုက်စိုက်ပျိုးလျှက်ရှိရာ ခရိုင်အတွင်း ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ဇူလိုင်လအထိ မြေပဲစိုက်ဧက (၃၅၈)ဧက စိုက်ပျိုပြီးစီးပြီးဖြစ်ကြောင်း၊ အများဆုံးစို က်ပျိုးသော မြို့နယ်မှာ မြစ်သားမြို့နယ်ဖြစ်ပြီး မိုးမြေပဲ(၃၀၂)ဧက စိုက်ပျိုးပြီးစီးပြီဖြစ် ကြောင်းသက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ မြေပဲစိုက်ပျိုးမှုတွင် ဘောင်ကြောင်းပေး စနစ်ဖြင့်အတန်းလိုက် အစေ့ချစနစ်ဖြင
17 Jul 2025
ကျောက်ဆည်ခရိုင်အတွင်းတွင် မိုးစပါးများကို ဇွန်လမှစတင်၍ စိုက်ပျိုးလျှက်ရှိရာ ယခု ဇူလိုင်လဆန်းတွင် ကျောက်ဆည်မြို့နယ်၌(၃၆၈)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာ ဌာန၏စာရင်းများအရ သိရှိရပါသည်။ မိုးစပါးစိုက်ပျိုးမှုအနေဖြင့် ပျိုးထောင် စနစ်၊ ပတ်ကြဲစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မိုးစပါးစိုက်ပျိုးမှုတွင် ဧရာပဒေသာမျိုးများကိုသာ အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုမှာ ကောက်စိုက်စနစ်၊ စက်စိုက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ အများဆုံး စိုက်ပျိုးသောရွာ များမှာ ငါးမြွေကုန်းရွာ၊ လေးဆယ်ကုန်း
17 Jul 2025
ကျောက်ဆည်ခရိုင်အတွင်း သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပြီး ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ နေကြာ၊ မြေပဲများအပြင် စျေးကွက်ဝယ်လိုအားရှိပြီး ကျွဲ၊နွားစာပါဖူလုံသော နှံစားပြောင်းသီးနှံကို လည်းစိုက်ပျိုလျှက်ရှိပါသည်။ မြစ်သားမြို့နယ်တွင် ဇူလိုင်လဆန်းပိုင်းမှစတင်၍ နှံစားပြောင်းသီးနှံ စိုက်ဧက(၄၄၄)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ မြို့နယ်အတွင်း အများဆုံးစိုက်ပျိုးသောရွာများမှာ ကြောင်ပန်းကုန်းရွာ၊ မကျည်းကန်ရွာ၊ ရိုးကန်ရွာ နှင့် ရစ်ကန်ရွာများတွင် အများဆုံးစိုက်ပ
