ကုန်သွယ်မှုသတင်းများ
၂၃.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
မိုးဦးကာလ ရောက်ရှိလာပြီဖြစ်သဖြင့် မွန်ပြည်နယ်ရှိ တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရှိရပါသည်။ယခင်နှစ်၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧကများလျာထားချက် (၆၉၁၉၆၆)ဧကအပေါ် (၆၉၅၆၁၀)စိုက်ပျိုးနိုင်ခဲ့ပြီး( ၄၄၂၄၉၁၆၇)တင်းထွက်ရှိကြောင်း သိရှိရပါသည်။ ယခုနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးစပါး (၆၉၁၉၆၆) ဧက စိုက်ပျိုးရန်လျာထားကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။
ယခုနှစ်နှောင်းပိုင်း စပါးရိတ်သိမ်းကာလတွင် အယ်လ်နီညို၏ သက်ရောက်မှုများ ရှိလာနိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံ လွတ်လပ်သောလယ်သမားများအသင်းချုပ် (Federation of Free Farmers - FFF) က ပြောဆိုပါသည်။

ထိုင်းနိုင်ငံ၌ အယ်နီညိုရာသီဥတုကြောင့် လာမည့်ရာသီတွင် မိုးရွာသွန်းမှု ပျမ်းမျှအောက်လျော့နည်းနိုင်သဖြင့် စပါးသီးနှံတစ်မျိုးတည်းကိုသာ စိုက်ပျိုးကြရန် တောင်သူများအား ထိုင်းအမျိုးသားရေအရင်းအမြစ်ရုံး (ONWR) မှ တိုက်တွန်းထား ကြောင်း သိရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ၌ ဈေးနှုန်းတည်ငြိမ်စေရန်နှင့် နိုင်ငံ၏အရန်စုဆောင်းမှုထားရှိကို မြှင့်တင်ရန် အတွက် သကြားမက်ထရစ်တန်ချိန် ၁၅၀၀၀၀ ထပ်ဆောင်းတင်သွင်းခွင့်အား သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။
