ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Sep 2022

             ယင်းမာပင်ခရိုင်သည် ဆီထွက်သီးနှံကို အဓိကစိုက်ပျိုးထွက်ရှိသည့် ခရိုင်တစ်ခုဖြစ်ပြီး နှမ်း၊ မြေပဲ၊ နေကြာသီးနှံများကို အဓိကစိုက်ပျိုးထုတ်လုပ်လျှက်ရှိပါသည်။ နှစ်စဉ် ဆီထွက်သီးနှံဧက (၄) သိန်းဝန်းကျင်ပုံမှန်စိုက်ပျိုးလျှက်ရှိသည့်အနက် နှမ်းသီးနှံမှာ စိုက်ဧက အများဆုံးဖြစ်သည်။ နှမ်းစိုက် ဧက (၆၀)% ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းဇယားများအရ သိရှိရသည်။

28 Sep 2022

     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ ၁၅.၉.၂၀၂၂ မှ ၂၁.၉.၂၀၂၂ ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၀၉၆၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်)(၅၁၁၀)ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၈၀၀ ကျပ်မှ ၃၀၀၀ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၄၀၀၀

28 Sep 2022

      ဒိုက်ဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ၊ မိုးစပါး စိုက်ပျိုးဧကမှာ (၁၆၇၀၃၈) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ ကောက်စောစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။

28 Sep 2022

   ပြည်ခရိုင်၊ ပြည်ဈေးကွက်ရှိ နနွင်းတက်ပွဲရုံများသို့ ကျောက်ဆည်၊ ဟင်္သာတနှင့် မင်းတုန်းဘက်မှ နနွင်းတက်များဝင်ရောက်လျှက်ရှိပါသည်။ ယခင်က ရှမ်းပြည် အောင်ပန်း၊ ကလောနှင့် ပင်လောင်းဘက်မှ ဝင်ရောက်မှုရှိပေမယ့် ယခုအချိန်တွင် ဝင်ရောက်မှုမရှိဘဲ ဒေသတွင်းထွက်ရှိသော နနွင်းတက်များနှင့် ကျောက်ဆည်ဘက်မှလာသော နနွင်းတက်များဖြင့်သာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

28 Sep 2022

           ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်(၁၄)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်သုံးဆီပြတ်လပ်မှုမရှိသော်လည်း ဈေးနှုန်း ပိုမိုမြှင့်တက်လာသည်ကိုတွေ့ရပါသည်။ စက်သုံးဆီ လက်လီဈေးနှုန်းများမှာ ယခု စက်တင်ဘာလ တတိယပတ်အတွင်း ဒီဇယ်ရိုးရိုး တစ်လီတာကို (၃၀၇၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၃၁၅၆) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို (၂၄၅၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၅၅၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် စက်တင်ဘာလ ဒုတိယပတ်တွင် ဒီဇယ်ရိုးရိုး တစ်လီတာကို

Pages