ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Sep 2022

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူးဒေါ်မွန်မွန်သက်သည် (1၅.9.2022)ရက်နေ့တွင် ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာ၌ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိုးစပါးစိုက်တောင်သူ ဦးယုလွင်၏ စပါးစိုက်ပျိုးထွက်ရှိမှု ကုန်ကျစရိတ်နှင့်အကျိုးအမြတ် ရရှိမှု အခြေအနေကို ကွင်းဆင်း လေ့လာခဲ့ရာ ကျွန်းပင်စင်ကျေးရွာသည် အိမ်ခြေ(၁၅၀)ခန့်ရှိပြီး လူဦးရေမှာ(650) ကျော်ခန့်ရှိကြောင်း၊ နှစ်စဉ် ကိုင်းမြေ

27 Sep 2022

    စလင်းမြို့နယ်သည် ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် တည်ရှိပြီး သီးနှံစုံစိုက်ပျိုး ဖြစ်ထွန်းသောမြို့ဖြစ်ပါသည်။ စလင်းမြို့တွင်ဝါကို စလင်းမြို့အနောက်ဘက်ကုန်းမြင့်ဒေသနှင့် ယာမြေတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ၂၀၂၂ ခုနှစ်တွင် (၁၅၀၀၀)ဧကခန့် စိုက်ပျိုးထား ရှိပါသည်။ ဝါအဓိကစိုက်ပျိုးကြသော စလင်းမြို့နယ် အင်ကျင်းပင်လှကျေးရွာရှိ တောင်သူ ဦးတင်ဆန်းနှင့် တွေ့ဆုံပြီးဝါစိုက်ပျိုးထွက်ရှိမှု အခြေအနေအားကွင်းဆင်းမေးမြန်းမှုအရ အင်ကျင်းပင်လှကျေးရွာ တွင် တောင်သူ(၁၂၀)ဦးခန့်စိုက်ပျိုးထားရှိပြီး ကျေ

27 Sep 2022

   မင်းဘူးမြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းဖြစ်သည့်  ငါးသေတ္တာခြောက် (၁)ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင် (၈၀၀၀မှ ၁၂၀၀၀)ကျပ်၊ အာဗြဲခြောက်(၁)ပိဿာလျှင်(၁၀၀၀၀မှ ၂၂၀၀၀)ကျပ်၊ ငါးကြင်းဖြူခြောက် ၁ပိဿာ လျှင်(၁၆၀၀၀) ကျပ်၊ ပုဇွန်ခြောက် (၁)ပိဿာလျှင် (၃၅၀၀၀မှ၆၀၀၀၀)ကျပ်ရှိကြောင်း ဆားအပေါ့၊ အငန်ပေါ် မှုတည်၍ ဈေးနှုန်းကွာခြားကြောင်း ငါးခြောက်များကို  ရခိုင်ပြည်နယ်နှင့်ဧရာဝတီတိုင်းတို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

27 Sep 2022

    မင်းဘူးမြို့မဈေးအတွင်း စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီမှာ (၁၅.၉.၂၀၂၂) နေ့တွင် လက်လီ(၁)ပိဿာ(၃၈၀၀)ကျပ် အချိန်(၁၀)အိတ်ဆွဲဈေးမှ (၃၇၀၀)ကျပ် (၃.၉.၂၀၂၂) လဆန်း ပိုင်းမှာ(၃၅၀၀)ကျပ်ဖြစ်၍ (၂၀၀)ကျပ်ဈေးနှုန်းမြှင့်တက်လာကြောင်း ကြက်သွန်နီကို မင်းဘူး၊ စလင်း၊ ဆင်ဖြူကျွန်း ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများ လှောင်ထားသည့် ကြက်သွန်နီများကို မင်းဘူးမြို့မဈေးအတွင်း လာရောက်ရောင်းချခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

Pages