ကုန်သွယ်မှုသတင်းများ
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၈.၉.၂၀၂၂)နှင့် ယခုအပတ် (၁၄.၉.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူ (၄၅)ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၂၅၀၀၀ဝိ/-) ယခုအပတ်(၂၈၀၀၀ဝိ/-)ဖြစ်၍ (၃၀၀၀ဝိ/-)ဈေးမြင့်၊ နှမ်းနီ ယခင်အပတ် (၂၄၅၀၀ဝိ/-)ယခုအပတ် (၂၅၀၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ/-)ဈေးမြင့်၊နှမ်းနက်(စမုံ) ယခင်အပတ် (၂၈၀၀၀ဝိ/-)ယခုအပတ် (၂၉၀၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ/-)ဈေးမြင့်၊ နှမ်းပြာယခင်အပတ်(၂၄၅၀၀ဝိ/-) ယခုအပတ် (၂၅၀၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ /-) အသီးသီးဈေးနှုန်းမြင့်ခဲ့ကြောင်း သိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် နှမ်းမျိုးစုံဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ပါရှိသည်။ တောင်တွင်းကြီးကုန်စည်ဒိုင်၌ (၁.၈.၂၀၂၂)မှ (၈.၉.၂၀၂၂) ရက်အတွင်း စမုံနှမ်းနက် (၁)တင်း (၁၅)ပိဿာလျှင်(၉၅၀၀၀)ကျပ်၊ ရိုးရိုးနှမ်းပြာ(၁)တင်း (၁၅)ပိဿာလျှင် (၈၂၀၀၀)ကျပ်၊ နှမ်းနီ (၁)တင်း (၁၅)ပိဿာလျှင် (၈၅၀၀၀)ကျပ် နှင့် ယခုအပတ် (၁၂.၉.၂၀၂၂)ရက်နေ့တွင် စမုံနှမ်းနက် (၁)တင်း (၁၅)ပိဿာလျှင် (၁၀၁၀၀၀)ကျပ်၊ ရိုးရိုးနှမ်းပြာ(၁)တင်း (၁၅)ပိဿာလျှင် (၈၃၀၀၀) ကျပ်၊ နှ
မိတ္ထီလာခရိုင်၊ဝမ်းတွင်းမြို့ရှိ ကျေးရွာတချို့တွင် သဘာဝပေါက်ပင်ကထွက်ရှိသော တောထန်းမြစ် တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ စျေးရရှိနေကြာင်း ဒေသခံများမှ သိရပါသည်။
သြဂုတ်လ နောက်ဆုံးအပတ်ကစပီး တူးဖော်ရောင်းချနေသော ဒေသခံတွေကို တောထန်းမြစ် အစိုတစ်ပိဿာလျှင် ကျပ် (၇၀၀၀) ဝန်းကျင် ပေးပြီး အခြောက်တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀ အထိစျေးကောင်းပေးဝယ်နေသည်ဟု သိရသည်။
မိတ္ထီလာခရိုင်အတွင်း ငရုတ်စိုကိုဒေသတွင်းစားသုံးရန် အဓိကစိုက်ပျိုးပြီး ပိုလျှံမှုကို အခြားဒေသများသို့ အနည်းငယ်သာတင်ပို့မှုရှိပါသည်။ငရုတ်စိုကို ခရိုင်အတွင်းမိုးစိုက်အနေနှင့် မိတ္ထီလာမြို့နယ်တွင် (၂၅၀၀) ဧကကျော် စိုက်ပျိုးကာ တစ်ဧကအထွက်နှုန်း (၄၇၅) ပိဿာကျော် ထွက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ စားသုံးသူပြည်သူများ လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို စက်တင်ဘာလ (၁၀)ရက်နေ့၊ နေ့လယ်(၁၅)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဘူတာရုံတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရွှေဘို