ကုန်သွယ်မှုသတင်းများ
ဆိပ်ဖြူကုန်စည်ဒိုင်သို့ စက်တင်ဘာလ (ဒုတိယ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင် ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာ ပျမ်းမျှ(၁)ပတ်အတွင်း ကုန်ချိန်(၃) သိန်းခွဲခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ စက်တင်ဘာလ(၈)ရက် မှ (၁၄)ရက်ထိ ကုန်စည်ဒိုင်
ယခုတစ်ပတ်တွင် ပခုက္ကူကုန်စည်ဒိုင်တွင်အညာဒေသ၏ အဓိကစိုက်ပျိုးသီးနှံများဖြစ်ကြသော ပဲစဉ်းငုံနီ၊ ပဲတီစိမ်းအမျိူးမျိုး၊ ကုလား ပဲမျိုးစုံနှင့်နှမ်းမျိုးစုံတို့ ဥပုသ်နေ့မှလွဲ၍ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စက်တင်ဘာလဒုတိယပတ်တွင် ပခုက္ကူကုန်စည်ဒိုင်၌ အညာဒေသထွက် ပဲတီစိမ်းသေး(ပဲနောက်)မှာ အရည်အသွေးကိုလိုက်၍ တစ်တင်း လျှင် ၄၆၀၀၀ မှ ၅၂၅၀၀ ကျပ်၊ နှမ်းနက်စမုံရှယ် တစ်တင်းလျှင် (၉၇၀၀၀ မှ ၉၈၀၀၀) ကျပ်၊ နှမ်းနက်စမုံ(ရိုးရိုး) တစ်တင်းလျှင် (၆၅၀၀၀ မှ ၉၅၀၀၀) ကျပ်၊ နှမ်းဝါ (ယော ) တစ်တင်း
သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲတီစိမ်းနှင့် နှမ်းများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ စက်တင်ဘာလ ပထမပတ်တွင် ပဲတီစိမ်း(၁)တင်းလျှင် (၅၀၀၀ဝိ/-)နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုစက်တင်ဘာလ ဒုတိယပတ်တွင်လည်း ဈေးနှုန်းအတက်အကျမရှိဘဲ အရောင်းအဝယ်အေးလျက်ရှိကြောင်း၊ နှမ်းသီးနှံများမှာလည်း စက်တင်ဘာလ ပထမပတ်တွင် နှမ်းနက်(၁)တင်းလျှင် (၈၈၀၀ဝိ/-)မှ(၉၀၀၀ဝိ/-)၊ နှမ်းနီ(၁)တင်းလျှင် (၇၈၀၀ဝိ/-) မှ (၈၀၀၀ဝိ/-)နှုန်းဖြစ်ပြီး ယခုစက်တင်ဘာလ ဒုတိယပတ်တွင် နှမ်းနက်(၁)တင်းလျှ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/Sept 198.jpg?itok=x9s5zmXc)
ရွှေဘိုမြို့နယ်ရှိ တောင်သူအများစုမှာ ယခုအချိန်တွင် မိုးစပါးစိုက်ပျိုးပြီး၍ ပထမအကြိမ် ဓါတ်မြေဩဇာကြဲပက်ချိန်ဖြစ်သဖြင့် ဈေးကွက်အတွင်းတွင် သွင်းအားစုများဖြစ်သည့် ဓါတ်မြေဩဇာ ဈေးနှုန်းများဆက်လက် မြင့်တက်နေသော်လည်း ပုံမှန်ထက်ပို၍ အရောင်းအဝယ်လိုက်နေသည်ဟု စိုက်ပျိုးရေးသုံး ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး အရောင်းဆိုင်များမှ သိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ဓါတ်မြေဩဇာ.jpg?itok=QaJnZ06M)
စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မိုင်းလုံးရပ်ကွက်၊ မှုံပြာ၊ လင်ဖုံလေး ကျေးရွာများမှ အများဆုံးစိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် စိုက်ပျိုးနိုင်မှုလျော့နည်းလာသဖြင့် ဈေးကွက် လိုအပ်ချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသဘက်မှ တင်သွင်းရောင်းချလျက်ရှိကြောင်း၊ ယခင် ဩဂုတ်လ ဈေးကွက်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်းမှာ တစ်ပိ ဿာလျှင် (၁၂၀၀၊ ၁၅၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခုလက်ရှိ စက်တင်ဘာလပတ်တွင် တစ်ပိဿာလျှင် (၂၂၀၀) ကျပ် ဈေးရှိခဲ့ပြီး ယခင် ဩဂုတ်