ကုန်သွယ်မှုသတင်းများ
(၁၅.၉.၂၀၂၂)ရက်နေ့တွင် မင်းဘူးမြို့မဈေး၌ နှမ်းဆီ၁ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ ပဲဆီ(၁) ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြစ်ပြီး စားအုန်းဈေးမှာ(၁)ပိဿာ(၇၈၀၀)ကျပ် ဖြစ်ကြောင်း၊ (၃.၉.၂၀၂၂) ရက်နေ့တွင် နှမ်းဆီ၁ပိဿာလျှင်(၁၀၅၀၀)ကျပ်၊ ပဲဆီ၁ပိဿာ လျှင် (၁၂၅၀၀)ကျပ် ဖြစ်ပြီးစားအုန်းဆီဈေးမှာ(၁)ပိဿာ(၁၀၀၀၀)ကျပ်ဖြစ်ကြောင်း ၊ စားအုန်းဆီကို ရန်ကုန် MEC မှ (၇၆၀၀)ကျပ် ဖြင့်တိုက်ရိုက်ဝယ်ယူရရှိခဲ့သည့်အတွက် စားအုန်းဆီဈေးကျသွားခြင်းဖြစ်ကြောင်း စူပါမင်း ရောင်းဝယ်ရေး ဦးသန်းထိုက်ထံမှ သိရှိရပါသည်။ စားအုန်းဆီများ
မကွေးတိုင်းဒေသကြီးအတွင်း ကုန်စည်ဒိုင်များနှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ အရောင်းအဝယ်ဖြစ် လျက်ရှိသည်။ မကွေးကုန်စည်ဒိုင်တွင် စက်တင်ဘာလ (၁၃)ရက်တွင် ကုလားပဲ(929) (၁၉)ပိဿာ (၁)တင်းလျှင် (၆၅၀၀၀)ကျပ်၊ ကုလားပဲ(HL)(၁၉)ပိဿာ(၁)တင်းလျှင် (၆၄၅၀၀)ကျပ်၊ စျေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ကုလားပဲ_4.jpg?itok=w-9-rqlR)
စက်တင်ဘာလ ဒုတိယအပတ်တွင် မကွေးမြို့၊ မြို့မစျေး၌ ကြက်သွန်နီစျေးနှုန်းများ မြင့်တက်လာကြောင်း စျေးဆိုင်များ ကွင်းဆင်းမေးမြန်းမှုအရ သိရပါသည်။ စက်တင်ဘာလ ပထမအပတ်တွင် ကြက်သွန်နီ (၁)ပိဿာလျှင် (၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ရာမှ စက်တင်ဘာလ ဒုတိယအပတ် တွင် ကြက်သွန်နီ အမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်ပြီး (၁)ပိဿာလျှင် (၃၆၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်ကာ စျေးနှုန်းများ မြင့်တက်လာကြောင်း ဆိုင်ခန်းစျေးသည်များနှင့် ပွဲရုံစျေးသည်တစ်ဦးထံမှ သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ကုန်ခြောက်.png?itok=ZomFNjhK)
ပခုက္ကူခရိုင်၊ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပခုက္ကူ၊ ပေါက်၊ ရေစကြို၊ ကမ္မ၊ ယောနယ်ဒေသနှင့် ဆိပ်ဖြူဒေသတို့မှ ဆောင်းစိုက်(ပင်စိုက်)များ အရောင်းအဝယ် ဖြစ်နေပြီး ပခုက္ကူကြက်သွန်နီအဝယ်ဒိုင်သို့ အခြားနယ်များဖြစ်ကြသော မြင်းခြံ၊ တောင်သာ၊ ညောင်ဦးနယ် များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။ စက်တင်ဘာလ ဒုတိယပတ်၏ ကြက်သွန်နီ လက်ကားဒိုင်ပြတ်ဈေးမှာ ထိပ်စတစ်ပိဿာလျှင် (၃၂၅၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင်(၂၈၀၀) ကျပ်၊အနိမ့်စ တစ်ပိဿာလျှင် (၂၂၀၀)ကျပ်ဖြင့် နေ့စဉ်ကုန်ချိန် (၁၅၀၀၀)ကျော် အရော
ပခုက္ကူမြို့မဈေး၊ ဈေးကွက်သို့ရှမ်းပြည်(အောင်ပန်း)နှင့် တရုတ်နိုင်ငံ(ပြည်ပ)မှ တင်သွင်းသောအာလူးများ မန္တလေးမြို့မှတစ်ဆင့် ပခုက္ကူမြို့သို့ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ ယခု (၁)ပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အာလူးဈေးနှုန်းများမှာ (၁)ပိဿာလျှင် လက်လီဈေး (၂၃၀၀/ ၂၂၀၀)ကျပ် ဈေးနှုန်းရှိပြီး ယခင်(၁)ပတ်ဈေးနှုန်းမှာ အာလူး(၁)ပိဿာလျှင် လက်လီဈေး (၂၅၀၀/ ၂၃၀၀/၂၂၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခင်(၁)ပတ်ထက် ဈေးနှုန်း (၂၀၀) ကျပ်ခန့်ကျဆင်းသွားကြောင်း၊ နေ့စဉ်ရှမ်းပြည်(အောင်ပန်း)မှ အ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/Sept 201.jpg?itok=zFjN1M5l)