
ကျွန်းလှမြို့ရှိ စိုက်ပျိုးရေးကိုအခြေခံ၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် လျက်ရှိရာမှ စားဖိုဆောင် သီးနှံဖြစ်သည့် သခွားသီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ ဘူးသီး၊ ချဉ်ပေါင်ရွက် စသည်တို့ကိုလည်း စိုက်ပျိုးထား ရှိကြပြီး သခွားသီး မျိုးများဖြစ်သည့် ရိုးရိုးဗမာသခွားသီးနှင့် တိုင်ထောင် သခွားသီးဟူ၍ နှစ်မျိုးစိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင် ရောင်းချကာ ဈေးကောင်းရရှိနေကြောင်း သိရပါ သည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော သခွားသီး ဈေးနှုန်းအနေဖြင့် ဒေသထွက် ရိုးရိုးဗမာသခွားသီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ် နှင့် ရိုးရိုး ဗမာသခွားသီး အလတ်(၁)လုံးလျှင်(၂၀၀)ကျပ်၊ (၅၀၀)ဖိုး(၃)လုံးနှင့် အသေး တစ်လုံးလျှင်(၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ အရောင်းအဝယ် လုပ်နေသူထံမှ သိရှိရ ပါသည်။
DOCA(စစ်ကိုင်း)