ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Jan 2022

          ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မုံရွာ၊ ဒိုက်ဦး၊ ပဲခူး၊ ခရမ်းမှ ဖရဲ (855) အကြီးတစ်လုံး ကျပ် ၄၀၀၀၊ အလတ် ကျပ် ၃၀၀၀၊ အသေး ကျပ် ၂၀၀၀၊ ဖရဲ(211) အကြီးတစ်လုံး ကျပ် ၂၀၀၀၊ အလတ် ကျပ် ၁၅၀၀၊ အသေး ကျပ် ၇၀၀ နှင့် မှော်ဘီတိုက်ကြီးမှ မာလကာသီး (ကီလို) အကြီးတစ်လုံး ကျပ် ၆၀၀၊ အလတ် ကျပ် ၄၀၀၊ အသေး ကျပ် ၂၀၀ အသီးသီးရှိကြောင်း သိရသည်။

26 Jan 2022

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစန်းအောင်၊ဒု-ဦးစီးမှူး သည် နွားစားငုတ်ကျေးရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ သုံးအိုင်ကျေးရွာများမှ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်သူ တောင် သူများနှင့် (၁၈.၁.၂၀၂၂) ရက်နေ့ နံနက် (၁၀)နာရီအချိန်ခန့်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

26 Jan 2022

         ပန်းမြို့တော်၊နှင်းမြို့တော်၊တောင်လှေကားမြို့တော်၊ မေမြို့ (သို့) ပြင်ဦးလွင် စသောအမည်များဖြင့် လူသိများထင်ရှားသော ပြင်ဦးလွင်မြို့လေးသည် ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း (၃၅၃၈)ပေမြင့်ပြီး အေးမြတဲ့ရာသီဥတုရှိသော တောင်ပေါမြို့လေးဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်သော မြို့လေးဖြစ်ပြီး ဒေသခံတောင်သူများမှာလည်း နှစ်ရှည်သီးနှံများ ဧကအလိုက်စိုက်ပျိုးလျက်ရှိပြီး ရာသီစာသီးနှံများကိုလည်းအလှည့်ကျ စိုက်ပျိုး၍ စီးပွားဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများထဲမှ စတော်ဘယ်ရီသီးနှံအာ

26 Jan 2022

        မန္တလေးတိုင်းဒေသကြီးတွင် မိုးကြက်သွန်နီကို မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်၌ အများဆုံးစိုက်ပျိုးပြီး ဩဂုတ်၊ စက်တင်ဘာလများတွင် စိုက်ပျိုးကာ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် ထွက်ရှိပါသည်။ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ဆောင်းကြက်သွန်နီမပေါ်မီ ဒေသတွင်းစားသုံးရန် အနည်းငယ်စိုက်ပျိုးပြီး မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တွင်လည်း စိုက်ပျိုးကြောင်း သိရပါသည်။ မြင်းခြံဈေးကွက်သို့ ကြက်သွန်နီစိုက်ပျိုးသော ကျေးရွာများမှ ယခုရက်ပိုင်း တစ်ရက်ှင် ပိဿာချိန် နှစ

25 Jan 2022

၂၅.၁.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

Pages