ကုန်သွယ်မှုသတင်းများ

Powered by Drupal
25 Feb 2022

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌‌‌ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိ၊ ဦးသန်းစိုးနှင့် မလှိုင် မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်းတို့သည် (၁၃-၂-၂၀၂၂) ရက်နေ့ နေ့လယ် ( ၁၄:၀၀ ) နာရီ အချိန်တွင် One Villaeg One Product ထုတ်လုပ်မှုဖြစ်သော သိမ်ကုန်းကျေးရွာ ထန်းလက်ကုလားထိုင် ထုတ်လုပ်ရောင်းချသူများအား လုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ပါသည်။

24 Feb 2022

          မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်ရှိ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်၌ ဖေဖော်ဝါရီလ(၁)ရက်မှ (၁၄)ရက်အတွင်း ကြက်သွန်နီအသစ် မိုးစိုက်(ဥစိုက်)များသော ဆိပ်ဖြူမြို့ ဧရာဝတီမြေနုကျွန်းပေါ်ဒေသများနှင့် ကုန်းတွင်းပိုင်းဒေသများအပြင် ဆင်ဖြူကျွန်း၊ စလင်းမြို့နယ်များမှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး (၁)ရက်လျှင် ပျမ်းမျှပိဿာ(၇)သောင်းခွဲခန့် (၂)ပတ် အတွင်း စုစုပေါင်းပိဿာချိန် (၁၀)သိန်းခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

23 Feb 2022

၂၁.၂.၂၀၂၂ ရက်နေ့ မှ ၂၇.၂.၂၀၂၂ ရက်နေ့အထိ စားအုန်းဆီ တစ်ပိဿာကုန်ကျစရိတ် တွက်ချက်မှုစာရင်းအား ပူးတွဲပါဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

23 Feb 2022

         မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စပါး၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများအား အဓိကစိုက်ပျိုးလျှက်ရှိပြီး ၎င်းသီးနှံများထဲမှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းမြေပဲများကို စိုက်ပျိုးလျှက်ရှိရာယခင်နှစ်တွင်(၆၂၈၄)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် (၆၃၃၄)ဧကစိုက်ပျိုးနိုင်ခဲ့၍ ယခင်နှစ်ထက်ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ ယခုအချိန်တွင် ကျောက်ဆည်ခရိုင်အနေဖြင့် ဆောင်းမြေပဲ (၁၂၀)ဧက ရိတ်သိမ်းလျှက်ရှိကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပါသည်။ ဆောင်းမြေပဲများအား စက

23 Feb 2022

            မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများအနေဖြင့် စပါးကို အဓိက ထားစိုက်ပျိုးကြသော်လည်း စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော နနွင်းသီးနှံကို ယာမြေများတွင် အများဆုံး စိုက်ပျိုးကြပါသည် ။ ကျောက်ဆည်ခရိုင်တွင် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် နနွင်းစိုက် ဧက(၂၅၃၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ ၂၀၂၁-၂၀၂၂ခုနှစ်တွင်(၂၅၁၈)ဧကစိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည် ။ ယခင်နှစ်ထက် နည်းငယ်လျော့နည်း စိုက်ပျိုးသည်မှာ သွင်းအားစုများ စျေးနှုန်းမြင့်တက်လာမှုကြ

Pages