ကန့်ဘလူခရိုင်၌ ရောင်းချနေသော ရာသီစာ ဖရဲသီးဈေးနှုန်း

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ သစ်သီးဆိုင်များတွင် ဖရဲသီးများ ရောင်းချ လျက်ရှိကြောင်း၊ ဖရဲသီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှလည်းကောင်း၊ ဒေသတွင်းမှ လည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။

     ၂၀၂၅ ခုနှစ် ၊ ဧပြီလ စတုတ္ထပတ်အတွင်း ကန့်ဘလူခရိုင်အတွင်းရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိသော ဖရဲသီးဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ်မူတည်၍ ဖရဲသီးအလုံးကြီး (၁)လုံးလျှင် ၆၀၀၀ကျပ်၊ ဖရဲသီးအလတ်(၁)လုံးလျှင် ၄၀၀၀ကျပ်နှင့် ဖရဲသီးအသေး(၁)လုံးလျှင် ၂၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဖရဲသီးသည် အရည်ရွှမ်းအသီးတစ်မျိုးဖြစ်သည့်အတွက် နွေရာသီနှင့်လိုက်ဖက်ပြီး လူကြိုက်များကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)