ကုန်သွယ်မှုသတင်းများ

Powered by Drupal
25 Feb 2022

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူးဦးသန့်ဇင်နှင့် မြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးတို့သည့် (၂၁.၂.၂၀၂၂)ရက်နေ့၊ နေ့လည်(၂:၀၀)နာရီတွင် မြောင်းမြမြို့၊ စက်မှုဇုံရှိ စက်မှုလုပ်မှုလုပ်ငန်းရှင် များအသင်း အတွင်းရေးမှူးဦးထွန်းထွန်းဦး(ထိပ်တန်း)စက်မှုလက်မှုလုပ်ငန်းခွင်သို့ သွားရောက်ကွင်း ဆင်းဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

25 Feb 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ညောင်တုန်းမြို့နယ်မှ ဝန်ထမ်းများသည် (၂၂.၂.၂၀၂၂)နေ့ နံနက်(၀၉:၃၀) အချိန်တွင် ညောင်တုန်းမြို့နယ်၊ ကျွန်းသာဝ ကျေးရွာမှ တောင်သူဦးသုခနှင့် ဦးကျော်သိန်းတို့၏ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ရန်ကုန်သီရိ       မင်္ဂလာဈေးကွက်တွင်း ဈေးကောင်းရနေသော ဟင်းသီးဟင်းရွက်၊ ပဲတိုင်ထောင်၊ ဘူးသီး၊ ခရမ်းသီး၊ ဖူးစားပြောင်းသီးနှံတို့၏ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ပါ

25 Feb 2022

        ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဖေဖော်ဝါရီလ စတုတ္ထပတ်မှစတင်၍ စက်သုံးဆီ အရောင်းဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ်ရိုးရိုးတစ် လီတာကို (၁၈၃၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၁၈၆၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၁၈၃၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၉၅၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်းကို မြို့တွင်းစက်သုံးဆီဆိုင်အချို့မှ စုံစမ်းသိရှိရပါတယ်။

25 Feb 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် သာစည်မြို့နယ်၊နှောပင်ကျေးရွာ နှင့် ဆယ်ကြီးကျေးရွာတွင် စိုက်ပျိုးဖြစ်ထွန်းနေသော ပန်းမုံလာ(ပန်းဂေါ်ဖီ) စိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

25 Feb 2022

          စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ၏ ကြီး ကြပ်မှုဖြင့် ဦးစီးအရာရှိ နှင့် ဝန်ထမ်းများသည် (၁၆.၂.၂၀၂၂)ရက်နေ့ ( ၁၀:၀၀  ) နာရီအချိန်တွင် မိတ္ထီလာမြို့နယ်အတွင်း ဇီးသီး (အချဉ်မျိုး) ထွက်ရှိရာ တောင်သူများထံနှင့် မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းဘေး၊ ဂွေ့ကြီးကျေးရွာရှိ ဦးခင်မောင်ချို၏ ဇီးသီးပွဲရုံသို့ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

Pages