“ပဲစဉ်းငုံမိုးဦးများစတင်စိုက်ပျိုးလျက်ရှိ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် သီးနှံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်၊ကြက်သွန်၊နနွင်းသီးနှံများအပြင် ပဲအမျိုးမျိုးဖြင့် မြေပဲ၊ ကုလားပဲ၊ပဲစဉ်းငုံသီးနှံများကိုလည်း စိုက်ပျိုးကြပါသည်။ ပဲစဉ်းငုံမိုးဦးကို မေလဆန်းတွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး (၇)လမှ(၈)လအတွင်း ရိတ်သိမ်းရကြောင်း၊ အများဆုံးစိုက်ပျိုးသောရွာများမှာ မြစ်သားမြို့နယ်တွင် ရိုးကန်၊ ရစ်ကန်၊ ဟင်းလျာကန်ရွာများတွင် အများဆုံး စိုက်ပျိုးကြပါသည်။ ပဲစဉ်းငုံမိုးဦးစိုက်ပျိုးမှုတွင် (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင်(၃၀၀၀၀၀)ကျပ်ခန့် ကုန်ကြကြောင်း၊ ပဲစဉ်းငုံသီးနှံကို သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးကြသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှုမျိုးအနေဖြင့် တစ်ဧကလျှင် မျိုး(၄)ပြည်မှ(၅)ပြည် ကုန်ကျပြီး မျိုး(၁)ပြည် ဈေးအနေဖြင့်(၅၇၀၀)ကျပ်ခန့်ဝယ်ယူစိုက်ပျိုးရကြောင်း၊ပဲစဉ်းငုံဈေးယခုလက်ရှိပေါက်ဈေးအနေဖြင့် (၁)တင်းလျှင်(၉၁၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ပဲစဉ်းငုံဈေးကွက်အနေဖြင့် ထွက်ပေါ်ချိန်တွင်မြို့ပေါ်ပွဲရုံများသို့သွားရောက်ရောင်းချကြကြောင်း၊ ပွဲရုံးများမှတဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ၊ ပဲစဉ်းငုံသီးနှံသည် စိုက်ပျိုးစရိတ်သက်သာပြီး အကျိုးအမြတ်များ ဖြစ်ထွန်းသော ဈေးကွက်ဝယ်လိုအားရှိသော  ပဲစဉ်းငုံသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)