“ချဉ်ပေါင်ရွက်ဈေးနှုန်းဈေးကွက်”

Powered by Drupal

      ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများသည် ချဉ်ပေါင်ရွက်သီးနှံများကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျှက်ရှိပါသည် ။ ချဉ်ပေါင်ရွက်စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အချိန်တိုအတွင်း‌ဝင်ငွေအလွယ်တကူရရှိသောကြောင့် တောင်သူတိုင်းလိုလို စိုက်ပျိုးလာကြပါသည်။  ချဉ်ပေါင်ရွက်စိုက်ပျိုးပြီး တစ်လသားအရွယ်တွင် စတင်ရိတ်သိမ်းခူးဆွတ်ရကြောင်း၊ ချဉ်ပေါင်(၁၀)ပင်စည်း တစ်စည်းလျှင် လက်လီဈေးအနေဖြင့် (၂၀၀)ကျပ်သွင်းရပြီး လက်ကားဈေး အနေဖြင့် ချဉ်ပေါင် (၁၀)ပင်စည်း တစ်စည်းလျှင်(၂၅၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကျောက်ဆည်မြို့ ပေါ်ရှိ မြို့မဈေး ၊ အေးမြကြည်လင်ဈေးများအတွင်းသို့ ရောင်းချကြကြောင်း တစ်ရက်လျှင် ချဉ်ပေါင်(၁၀)ပင်စည်း အစည်း(၃၀၀-၃၅၀)ခန့် ရောင်းချရသည့်အတွက် နေ့စဉ်ဝင်ငွေ (၈၇၀၀၀)ကျပ်ခန့် ရရှိသောကြောင့် မိသားစုအပိုဝင်ငွေ တိုးသောကြောင့် ချဉ်ပေါင်သီးနှံကိုလည်း စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)