“ဆိတ်မွေးမြူရေးနှင့်ဈေးနှုန်းဈေးကွက်”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက် လုပ်ကိုင်သောဒေသဖြစ်ပြီး မွေးမြူရေးလုပ်ငန်းကို တွဲဖက်ပြီး လုပ်ကိုင်လျက်ရှိရာ ယခုအခါတွင် မွေးမြူရေးလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်မှစီးပွားဖြစ် မွေးမြူလာကြပါသည် ။ ၄င်းလုပ်ငန်းများ အနက် ဆိတ်မွေးမြူရေးလုပ်ငန်းအား သွားရောက်လေ့လာခဲ့ရာ အများစုမှာ တောင်သူလယ်လုပ်များ မဟုတ်ဘဲ ကူလီလက်လုပ်လက်စားများမှ လုပ်အားခငွေများကိုစု၍ (၂-၃)ကောင်မှစ၍ မွေးမြူကြ ကြောင်း ၊ အချို့ ချေးငွေယူ၍ မွေးမြူသူများမှာ (၁၀-၁၅)ကောင်မှစ၍ မွေးမြူကြောင်း ၊ ငွေကြေး မတတ်နိုင်သူများမှာ နေ့စားဆိတ်ကျောင်းရကြောင်း ၊ (၁)ရက်ကို (၂)ကြိမ် ဆိတ်ကျောင်းရကြောင်း၊ ဆိတ်ကျောင်းခအနေဖြင့်ဆိတ်အုပ်အကောင်ရေပေါ်မူတည်၍(၅၀၀၀-၈၀၀၀)ကျပ်ထိပေးရကြောင်း၊ ဆိတ်မွေးရန်အတွက် တစ်ကောင်လျင်(၆၀၀၀၀)ကျပ်ပေးပြီး မွေးမြူရကြောင်း ၊ ဆိတ်မျိုးအနေဖြင့် ရှေးအစဉ်အဆက် ဘိုးဘွားများလက်ထက်က မွေးမြူသော ချိတ်နီဆိတ်မျိုးများကိုသာ အဓိက မွေးမြူကြောင်း၊ဆိတ်မများသည်(၁)နှစ်လျင်(၂)သားတစ်ဗိုက်မွေးသောကြောင့်အကောင်ရေများများ မွေးနိုင်ပါက အကျိုးအမြတ်များကြောင်း ၊ ဆိတ်မအနေဖြင့် စတင်ကိုယ်ဝန်ဆောင်သောအရွယ်တွင် (၁)ကောင်သာသားပေါက်ပြီးဆိတ်အကြီးမတစ်ကောင်လျင် (၂)ကောင်အထိသားပေါက်ကြကြောင်း၊ အစောပိုင်းကာလများတွင် မွေးဆိတ်(၁)ကောင်လျင် (၈၀၀၀၀-၉၀၀၀၀-)ကျပ်အထိ ရောင်းချရ ကြောင်း ၊ ဆိတ်ကြီးမတစ်ကောင်လျင်(၁၀၀၀၀၀/)ကျပ်အထိ ရောင်းချရကြောင်း ၊ ယခုအပတ် အတွင်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ၊ မွေးဆိတ်(၁)ကောင်ကို ပြန်လည်ရောင်းချလျင် (၄၅၀၀၀-၅၀၀၀၀)ကျပ်ဈေး နှင့် ဆိတ်ကြီးမတစ်ကောင်ကို(၇၀၀၀၀/)ကျပ်သာ ရောင်းချရကြောင်း ၊ ဆိတ်ဝယ်ယူသူများမှာ ခန့်မှန်းဖြင့်သာဝယ်ယူရကြောင်း၊ဆိတ်သားဈေးနှင့်(၅၀/၆၀)ရာခိုင်နှုန်းခွာ၍ ဝယ်ယူကြောင်း  ၊ ဆိတ်သားဈေးအနေဖြင့် လက်ရှိပေါက်ဈေး(၂၄၀၀၀/)ကျပ်ဖြင့် ရောင်းဝယ်လျက် ရှိပါသည် ။ ဆိတ်ရောင်းဝယ်မှုတွင် ဈေးနှုန်းကျဆင်းသော်လည်း ဆိတ်မွေးဖွားနှုန်း ကောင်းမွန် သောကြောင့် အရှုံးမရှိသော်လည်း ဈေးနှိမ်ဝယ်ယူမှုမျိုးများမရှိပါက အကျိုးအမြတ်ပိုမိုရရှိလာနိုင် ကြောင်း ၊ ဆိတ်အများဆုံးမွေးမြူသော ပျော်ရွာကျေးရွာမှ ဆိတ်မွေးမြူသူတစ်ဦး၏ ပြောကြားချက် အရသိရှိရသည်။

DOCA(မန္တလေး)