တောင်ငူမြို့ ဘုရင့်နောင်ဈေးတွင် ဂန္ဓမာပန်းများ ဈေးနှုန်းကျဆင်း

Powered by Drupal

          ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ နေအိမ်များတွင် ဘုရားစင်အား အမြတ်တနိုးထားရှိကြသည်။ ဗုဒ္ဓဘာသာဝင်အိမ်ရှင်မများအနေဖြင့် နေအိမ်ရှိ ဘုရားစင်တွင် ဘုရားပန်းများမညှိုးနွမ်းအောင် လဲပေးတတ်ကြသည်။

          ထို့ကြောင့် မြို့တိုင်း၊ ဈေးတိုင်းတွင် ဘုရားပန်းသည်များဖြင့် စည်ကားလျက်ရှိပါသည်။ တောင်ငူမြို့ ဘုရင့်နောင်ဈေးရှိ ပန်းသည်များတွင် ဂန္ဓမာပန်းသေးတစ်စည်းလျှင် ယခင်က ၂,၀၀၀ ကျပ်ခန့်ရှိရာမှ ယခု ဧပြီလ ဒုတိယပတ်တွင် ၁,၀၀၀ ကျပ်ခန့် ဈေးနှုန်းကျဆင်းသွားပါသည်။ ဂန္ဓမာပန်းအပွင့်ကြီးမှာလည်း ယခင်က တစ်စည်းလျှင် ၃,၀၀၀ ကျပ်ခန့်ရှိရာမှ ယခုဧပြီလ ဒုတိယပတ်တွင် ၂,၀၀၀ ကျပ်ခန့်ထိ ဈေးနှုန်းကျဆင်းသွားပါသည်။  ယခုကဲ့သို့ ဈေးနှုန်း ကျဆင်းသွားခြင်းမှာ ဒေသ တွင်းပန်းများ လှိုင်လှိုင်ပေါ်လာသောကြောင့် ကျဆင်းသွားခြင်းဖြစ်နိုင်ကြောင်း ညောင်ပင်ဈေးရှိ ပန်း ရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရှိခဲ့ပါသည်။

DOCA (ပဲခူး)